အီဘိုလာေရာဂါ ကုႏိုင္တဲ့ ပထမဆံုးေဆး ရရွိၿပီလို႔ သိပၸံပညာရွင္ေတြ ေၾကညာ

0
42

ကြန္ဂိုႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ အီဘိုလာ ေရာဂါ ျဖစ္ပြားမႈကို ထိေရာက္စြာ ကုသႏိုင္မယ့္ ပထမဆံုး ေဆးကို ေတြ႔ရွိခဲ့ၿပီ ျဖစ္ပါတယ္။ အီဘိုလာ ေရာဂါ ကူးစက္ခံရေပမယ့္ အသက္ရွင္ခဲ့သူေတြကို ေလ့လာၿပီး ေရာဂါ ကာကြယ္ေဆးအျဖစ္ တီထြင္ခဲ့တဲ့ REGN-EB3 နဲ႔ mAb114 တို႔ကို စမ္းသပ္ ေအာင္ျမင္ခဲ့တာပါ။ 

ကြန္ဂိုႏိုင္ငံကေန ဆက္လက္ ကူးစက္ေနတဲ့ ဒီမိုကရက္တစ္ ကြန္ဂိုႏိုင္ငံမွာ အီဘိုလာ ေရာဂါ ကူးစက္ခံရသူ အားလံုးကို ကုသလို႔ရၿပီလို႔ ဓာတ္မတည့္မႈႏွင့္ ကူးစက္မႈေရာဂါမ်ားဆိုင္ရာ အေမရိကန္ အမ်ိဳးသား အင္စတီက်ဳက ေျပာပါတယ္။ ကမာၻ႔သမိုင္းမွာ ဒုတိယေျမာက္ အဆိုးဆံုး အီဘိုလာ ျဖစ္ပြားမႈအတြင္း လူနာေတြကို စမ္းသပ္ကုသမႈ ေလးႀကိမ္ ျပဳလုပ္ရာမွာ ရလဒ္ေကာင္းေတြကို ရွင္းရွင္းလင္းလင္း ေတြ႔ျမင့္ခဲ့ၾကပါတယ္။  

အခု ေဆးႏွစ္မ်ိဳးဟာ ZMapp နဲ႔ Remdesivir ေဆးေတြကို စမ္းသပ္ၿပီးေနာက္ ထပ္မံျပဳျပင္မြမ္းမံထားတာ ျဖစ္ပါတယ္။ အခု မြမ္းမံထားတဲ့ ေဆးႏွစ္မ်ိဳးကို အသံုးျပဳခြင့္ ေပးလိုက္ၿပီလို႔ စမ္းသပ္မႈမွာ တြဲဖက္ဦးေဆာင္ သုေတသီျဖစ္တဲ့ အန္တိုနီ ေဖာ္စီက ေျပာပါတယ္။

အီဘိုလာရောဂါ ကုနိုင်တဲ့ ပထမဆုံးဆေး ရရှိပြီလို့ သိပ္ပံပညာရှင်တွေ ကြေညာ

ကွန်ဂိုနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါ ဖြစ်ပွားမှုကို ထိရောက်စွာ ကုသနိုင်မယ့် ပထမဆုံး ဆေးကို တွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။ အီဘိုလာ ရောဂါ ကူးစက်ခံရပေမယ့် အသက်ရှင်ခဲ့သူတွေကို လေ့လာပြီး ရောဂါ ကာကွယ်ဆေးအဖြစ် တီထွင်ခဲ့တဲ့ REGN-EB3 နဲ့ mAb114 တို့ကို စမ်းသပ် အောင်မြင်ခဲ့တာပါ။

ကွန်ဂိုနိုင်ငံကနေ ဆက်လက် ကူးစက်နေတဲ့ ဒီမိုကရက်တစ် ကွန်ဂိုနိုင်ငံမှာ အီဘိုလာ ရောဂါ ကူးစက်ခံရသူ အားလုံးကို ကုသလို့ရပြီလို့ ဓာတ်မတည့်မှုနှင့် ကူးစက်မှုရောဂါများဆိုင်ရာ အမေရိကန် အမျိုးသား အင်စတီကျုက ပြောပါတယ်။ ကမ္ဘာ့သမိုင်းမှာ ဒုတိယမြောက် အဆိုးဆုံး အီဘိုလာ ဖြစ်ပွားမှုအတွင်း လူနာတွေကို စမ်းသပ်ကုသမှု လေးကြိမ် ပြုလုပ်ရာမှာ ရလဒ်ကောင်းတွေကို ရှင်းရှင်းလင်းလင်း တွေ့မြင့်ခဲ့ကြပါတယ်။

အခု ဆေးနှစ်မျိုးဟာ ZMapp နဲ့ Remdesivir ဆေးတွေကို စမ်းသပ်ပြီးနောက် ထပ်မံပြုပြင်မွမ်းမံထားတာ ဖြစ်ပါတယ်။ အခု မွမ်းမံထားတဲ့ ဆေးနှစ်မျိုးကို အသုံးပြုခွင့် ပေးလိုက်ပြီလို့ စမ်းသပ်မှုမှာ တွဲဖက်ဦးဆောင် သုတေသီဖြစ်တဲ့ အန်တိုနီ ဖော်စီက ပြောပါတယ်။