အီဂ်စ္သမၼတေဟာင္း ေမာ္စီ တရားခြင္အတြင္း လဲက်ေသဆံုး

0
98

၂၀၁၂ ခုႏွစ္မွာ ဒီမိုကေရစီနည္းက် ေရြးခ်ယ္တင္ေျမွာက္ခံရေပမယ့္ စစ္တပ္က ျဖဳတ္ခ်တာခံခဲ့ရသူ အီဂ်စ္ သမၼတေဟာင္း မိုဟာမက္ ေမာ္စီဟာ မေန႔ ဇြန္လ ၁၇ ရက္ေန႔က တရားခြင္အတြင္း လဲက်ေသဆံုးခဲ့ပါတယ္။

(Photo by KHALED DESOUKI / AFP)

အသက္ ၆၇ ႏွစ္အရြယ္ သမၼတေဟာင္း ေမာ္စီ ေသဆံုးမႈနဲ႔ ပတ္သက္လို႔ အီဂ်စ္ အစိုးရ႐ုပ္သံက ႏွလံုးရပ္ ေသဆံုးတာလို႔ ေျပာေပမယ့္ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ (AI) က အျဖစ္အပ်က္ကို လြတ္လပ္စြာ စံုစမ္းစစ္ေဆး ေဖာ္ထုတ္ဖို႔ ေတာင္းဆိုထားပါတယ္။

ျပည္ပႏိုင္ငံေတြအတြက္ သူလွ်ိဳလုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲပ သမၼတ ေမာ္စီကို ၂၀၁၃ ခုႏွစ္မွာ ျဖဳတ္ခ်ၿပီး ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ တရား႐ံုးက ေမာ္စီကို ငါးမိနစ္ စကားေျပာခြင့္ျပဳစဥ္ အခ်ဳပ္ခန္းအတြင္းမွာ လဲက်ခဲ့ၿပီး ေဆး႐ံုေခၚသြားေပမယ့္ အသက္မမီခဲ့ပါဘူး။ ဒီေန႔ ဇြန္လ ၁၈ ရက္ေန႔ နက္ဆာၿမိဳ႕မွာ လံုၿခံဳေရးတင္းက်ပ္စြာနဲ႔ နာေရးက်င္းပခဲ့ၿပီး ေမာ္စီရဲ႕ မိသားစု တက္ေရာက္ခဲ့ပါတယ္။

<<<<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၂ ခုနှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရပေမယ့် စစ်တပ်က ဖြုတ်ချတာခံခဲ့ရသူ အီဂျစ် သမ္မတဟောင်း မိုဟာမက် မော်စီဟာ မနေ့ ဇွန်လ ၁၇ ရက်နေ့က တရားခွင်အတွင်း လဲကျသေဆုံးခဲ့ပါတယ်။

အသက် ၆၇ နှစ်အရွယ် သမ္မတဟောင်း မော်စီ သေဆုံးမှုနဲ့ ပတ်သက်လို့ အီဂျစ် အစိုးရရုပ်သံက နှလုံးရပ် သေဆုံးတာလို့ ပြောပေမယ့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အဖြစ်အပျက်ကို လွတ်လပ်စွာ စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ တောင်းဆိုထားပါတယ်။

ပြည်ပနိုင်ငံတွေအတွက် သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲပ သမ္မတ မော်စီကို ၂၀၁၃ ခုနှစ်မှာ ဖြုတ်ချပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ တရားရုံးက မော်စီကို ငါးမိနစ် စကားပြောခွင့်ပြုစဉ် အချုပ်ခန်းအတွင်းမှာ လဲကျခဲ့ပြီး ဆေးရုံခေါ်သွားပေမယ့် အသက်မမီခဲ့ပါဘူး။ ဒီနေ့ ဇွန်လ ၁၈ ရက်နေ့ နက်ဆာမြို့မှာ လုံခြုံရေးတင်းကျပ်စွာနဲ့ နာရေးကျင်းပခဲ့ပြီး မော်စီရဲ့ မိသားစု တက်ရောက်ခဲ့ပါတယ်။