အိန္ဒိယ-မြန်မာ နယ်စပ်မှာ ပြင်းအား ၅ ဒသမ ၁ ရှိ ငလျင် လှုပ်

0
61




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယ-မြန်မာ နယ်စပ်၊ နာဂလန်းဒေသမှာ ဒီနေ့ သြဂုတ်လ ၂၆ ရက်နေ့က ပြင်းအား ၅ ဒသမ ၁ မဂ္ဂနီကျုရှိ ငလျင် လှုပ်ခတ်သွားခဲ့တယ်လို့ အိန္ဒိယ မိုးလေဝသဌာန (IMD) က သတင်း ထုတ်ပြန်ထားပါတယ်။

မနက် ၈ နာရီ ၁၉ မိနစ်မှာ လှုပ်သွားတဲ့ ငလျင် ဗဟိုချက်ဟာ မြန်မာနိုင်ငံဘက် အခြမ်းမှာ ဖြစ်တယ်လို့လည်း IMD က ပြောပါတယ်။ 

လတ်တလောမှာတော့ ထိခိုက်ပျက်စီးမှု သတင်းတွေကို မရရှိသေးပါဘူး။ အာသံ၊ မေဂါလယ၊ မီဇိုရမ်၊ ထရီပူရ၊ နာဂလန်း၊ အရူနာချယ် ပရာဒေ့ရှ်နဲ့ မဏိပူရပြည်နယ်တို့ဟာ ကမ္ဘာပေါ်မှာ ငလျက်ရပ်ဝန်းထဲ ရှိနေတဲ့ ဒေသတွေ ဖြစ်တယ်လို့ ငလျင်လေ့လာရေး ပညာရှင်တွေက သတ်မှတ်ထားပါတယ်။