
0
311




အိန္ဒိယ-မြန်မာနယ်စပ်ကို တင်းကျပ်စွာ စောင့်ကြည့်ဖို့လုပ်ငန်းတွေ စတင်နေ

အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်မှာ စောင့်ကြည့်မှုတွေ တင်းကျပ်ဖို့ လုပ်ငန်းတွေ စတင်နေပြီလို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

နယ်စပ်တစ်လျှောက်မှာ သူပုန်ပြဿနာကို မြန်မာတပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက် ဖြေရှင်းနေတာ ကျေနပ်မှု ရှိကြောင်း၊ အိန္ဒိယ အရှေ့မြောက်ဒေသမှာ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ လုံးဝသည်းခံမှာ မဟုတ်တဲ့ မူဝါဒကို ဆက်လက် ကိုင်စွဲထားကြောင်းလည်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ် ရှားက ပြောပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မှာ အခြေစိုက်နေတဲ့ ကမ်တာပူရ လွတ်မြောက်ရေး အဖွဲ့ (KLO)၊ နာဂလန်း အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K)၊ ညီညွတ်သော အာသံလွတ်မြောက်ရေး တပ်ဦး၊ ဘိုရိုလန်း အမျိုးသား ဒီမိုကရက်တစ် တပ်ဦး (NDFB) တို့ကို ပစ်မှတ်ထားပြီး အိန္ဒိယစစ်တပ်နဲ့ မြန်မာတပ်မတော်တို့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။