
0
46




အိန္ဒိယ လေယာဉ်တွေ လေကြောင်းပိုင်နက် အသုံးပြုခွင့် ပိတ်ပင်ဖို့ ပါကစ္စတန် ပြော

ပါကစ္စတန်နိုင်ငံ လေကြောင်းပိုင်နက်ကို အိန္ဒိယ လေယာဉ်တွေ ဖြတ်ပြီးပျံသန်းမှုအပေါ် ပိတ်ပင်ဖို့ စဉ်းစားနေတယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် အင်မ်ရမ် ခန်းက ပြောဆိုလိုက်ပါတယ်။


အိန္ဒိယက အာဖန်ဂန်နစ္စတန် နိုင်ငံကို လေကြောင်းပျံသန်းရာမှာ ပါကစ္စတန် လေကြောင်းပိုင်နက် အသုံးပြုနေရမှုအပေါ် ပါကစ္စတန်ဘက်က ပိတ်ပင်ဖို့ စဉ်းစားနေတယ်လို့ ပါကစ္စတန် သိပ္ပံနဲ့ နည်းပညာဝန်ကြီးက ပြောပါတယ်။


အိန္ဒိယ လေယာဉ်တွေအပေါ် လေကြောင်းပိုင်နက် ပိတ်ပင်တဲ့အချက်နဲ့ ပတ်သက်လို့ ပါကစ္စတန်ဘက်က အသေးစိတ်ပြောဆိုတာ မရှိသေးပါဘူး။ ကက်ရှ်မီးယားပြည်နယ်ကို ကိုယ်ပိုင် အထူးအုပ်ချုပ်ခွင့်ရ ဒေသအဖြစ်ကနေ ပြန်ရုတ်သိမ်းပြီးနောက် အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတို့ဟာ တင်းမာမှုတွေ ဖြစ်နေပါတယ်။