အိန္ဒိယ စားသောက်ကုန် လုပ်ငန်း BIL မြန်မာဈေးကွက်ကို ဝင်မယ်

0
237

အိန္ဒိယနိုင်ငံ၊ ဘင်္ဂလော အခြေစိုက် အစားအသောက် လုပ်ငန်းတစ်ခုဖြစ်တဲ့ ဘရစ်တန်နီယာ စားသောက်ကုန်လုပ်ငန်း လီမိတက် (BIL) ဟာ မြန်မာနိုင်ငံနဲ့ အာဖရိကမှာ သူတို့ရဲ့လုပ်ငန်းတွေ လာရောက် တိုးချဲ့ဖို့ ပြင်ဆင်နေပါတယ်။

အိန္ဒိယ ငွေ ခရိုရာ ၇၀၀ (အမေရိကန်ဒေါ်လာ ၇ ဘီလီယံ) ရင်းနှီးမြုပ်နှံမှု ရှိနေပြီဖြစ်တဲ့ ကျနော်တို့လုပ်ငန်းအနေနဲ့ နိုင်ငံတကာကို ချဲ့ထွင်ဖို့ စိတ်အား ထက်သန်နေကြောင်းနဲ့ တစ်နှစ်ကို ဈေးကွက်သစ်တစ်ခု ချဲ့ထွင်မှာ ဖြစ်တယ်လို့ BIL မန်နေးဂျင်း ဒါရိုက်တာ ဗာရန် ဘာရီက ပြောပါတယ်။

BIL လုပ်ငန်းကို ၁၈၉၂ ခုနှစ်မှာ တည်ထောင်ခဲ့လို့ သက်တမ်း ၁၂၅ နှစ် ရှိနေပါပြီ။ ဘီစကစ်၊ ပေါင်မုန့်၊ ကိတ်၊ နို့ထွက်ကုန်များ ဖြစ်တဲ့ နွားနို့၊ ထောပတ်၊ ချိစ်၊ ဒိန်ခဲတွေ ထုတ်လုပ်ဖြန့်ဖြူးပါတယ်။