အိႏၵိယႏိုင္ငံသား ေလးဦး အိုင္အိုဝါမွာ အသတ္ခံရ

0
429

အေမရိကန္ ျပည္ေထာင္စု၊ အိုင္အိုဝါျပည္နယ္၊ ဒက္စ္ မိြဳင္နက္စ္ၿမိဳ႕ရွိ ေနအိမ္မွာ အိႏၵိယ ႏိုင္ငံသား ေလးဦး ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရပါတယ္။

ခ်န္ဒရာဆက္ကာ ဆြန္ကရာ (၄၄ ႏွစ္)၊ လာဗန္ညာ ဆြန္ကရာ (၄၁ ႏွစ္) နဲ႔ သူတို႔ရဲ႕ အသက္ ၁၀ ႏွစ္နဲ႔ ၁၅ ႏွစ္အရြယ္ရွိ ကေလးႏွစ္ဦးတို႔ ပစ္သတ္ခံရတာပါ။ ခ်န္ဒရာဆက္ကာဟာ ျပည္သူ႔လံုၿခံဳေရးဌာနရဲ႕ နည္းပညာဝန္ေဆာင္မႈ ျဗဴ႐ိုမွာ အလုပ္လုပ္ၿပီး လာဗန္ညာက ေဆာ့ဖ္ဝဲအင္ဂ်င္နီယာ ျဖစ္ပါတယ္။

သူတို႔ေတြဟာ အိမ္ငွားေနတာ ျဖစ္ၿပီး အသက္ရွင္က်န္သူတစ္ဦးက အကူအညီေတာင္းဖို႔ အျပင္ကို ေျပးထြက္ခဲ့ၿပီး အိမ္နီးခ်င္းတစ္ဦးက 911 ကို ဖုန္းဆက္ခဲ့တာပါ။ အိုင္အိုဝါ ရာဇဝတ္မႈ စံုစမ္းေရးဌာနက စစ္ေဆးေနၿပီး အိႏၵိယသံ႐ံုးကိုလည္း ဆက္သြယ္ထားပါတယ္။

အိန္ဒိယနိုင်ငံသား လေးဦး အိုင်အိုဝါမှာ အသတ်ခံရ

အမေရိကန် ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်၊ ဒက်စ် မွိုင်နက်စ်မြို့ရှိ နေအိမ်မှာ အိန္ဒိယ နိုင်ငံသား လေးဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ချန်ဒရာဆက်ကာ ဆွန်ကရာ (၄၄ နှစ်)၊ လာဗန်ညာ ဆွန်ကရာ (၄၁ နှစ်) နဲ့ သူတို့ရဲ့ အသက် ၁၀ နှစ်နဲ့ ၁၅ နှစ်အရွယ်ရှိ ကလေးနှစ်ဦးတို့ ပစ်သတ်ခံရတာပါ။ ချန်ဒရာဆက်ကာဟာ ပြည်သူ့လုံခြုံရေးဌာနရဲ့ နည်းပညာဝန်ဆောင်မှု ဗြူရိုမှာ အလုပ်လုပ်ပြီး လာဗန်ညာက ဆော့ဖ်ဝဲအင်ဂျင်နီယာ ဖြစ်ပါတယ်။

သူတို့တွေဟာ အိမ်ငှားနေတာ ဖြစ်ပြီး အသက်ရှင်ကျန်သူတစ်ဦးက အကူအညီတောင်းဖို့ အပြင်ကို ပြေးထွက်ခဲ့ပြီး အိမ်နီးချင်းတစ်ဦးက 911 ကို ဖုန်းဆက်ခဲ့တာပါ။ အိုင်အိုဝါ ရာဇဝတ်မှု စုံစမ်းရေးဌာနက စစ်ဆေးနေပြီး အိန္ဒိယသံရုံးကိုလည်း ဆက်သွယ်ထားပါတယ်။