အိႏၵိယမွာ အီး-စီးကရက္ကို ပိတ္ပင္၊ ခ်ိဳးေဖာက္ရင္ ေထာင္ဒဏ္ သံုးႏွစ္က်ႏိုင္

0
72

အိႏၵိယႏိုင္ငံမ်ာ စီးကရက္ အစားထိုးေသာက္တဲ့ အီး-စီကရက္ ထုတ္လုပ္မႈ၊ တင္သြင္းမႈ၊ ေရာင္းခ်မႈေတြကို တရားဝင္ ပိတ္ပင္လိုက္ၿပီ ျဖစ္ပါတယ္။

တကယ္လို႔ ေဖာက္ဖ်က္ရင္ ေထာင္ဒဏ္ သံုးႏွစ္နဲ႔အထက္ ခ်မွတ္ခံရႏိုင္ေၾကာင္းလည္း ေၾကညာထားပါတယ္။ ဒီဆံုးျဖတ္ခ်က္ေၾကာင့္ ဂ်ဴးလပ္ဘ္၊ ဖိလစ္ ေမာရစ္ အင္တာေနရွယ္တို႔လို အီး-စီးကရက္ထုတ္တဲ့ ကုမၸဏီေတြ အထိနာမွာ ျဖစ္ပါတယ္။

ကေလးေတြနဲ႔ လူငယ္ေတြအၾကား အစားထိုးဆိုၿပီး ေသာက္တဲ့ အေလ့အထ မကူးစက္ခင္ အီး-စီးကရက္ကို ပိတ္ပင္ဖို႔ လိုအပ္တဲ့အတြက္ အိႏၵိယ က်န္းမာေရး ဝန္ႀကီးဌာနက အခုလို ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွာ အရြယ္ေရာက္ၿပီးတဲ့ ေဆးလိပ္ေသာက္သူ ၁၀၆ သန္းရွိၿပီး တ႐ုတ္ႏိုင္ငံၿပီးရင္ ဒုတိယ အမ်ားဆံုး ျဖစ္လို႔ အီး-စီးကရက္ ကုမၸဏီေတြအတြက္ ႀကီးမားတဲ့ ေစ်းကြက္ျဖစ္ပါတယ္။

အိန္ဒိယမှာ အီး-စီးကရက်ကို ပိတ်ပင်၊ ချိုးဖောက်ရင် ထောင်ဒဏ် သုံးနှစ်ကျနိုင်

အိန္ဒိယနိုင်ငံမျာ စီးကရက် အစားထိုးသောက်တဲ့ အီး-စီကရက် ထုတ်လုပ်မှု၊ တင်သွင်းမှု၊ ရောင်းချမှုတွေကို တရားဝင် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

တကယ်လို့ ဖောက်ဖျက်ရင် ထောင်ဒဏ် သုံးနှစ်နဲ့အထက် ချမှတ်ခံရနိုင်ကြောင်းလည်း ကြေညာထားပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ဂျူးလပ်ဘ်၊ ဖိလစ် မောရစ် အင်တာနေရှယ်တို့လို အီး-စီးကရက်ထုတ်တဲ့ ကုမ္ပဏီတွေ အထိနာမှာ ဖြစ်ပါတယ်။

ကလေးတွေနဲ့ လူငယ်တွေအကြား အစားထိုးဆိုပြီး သောက်တဲ့ အလေ့အထ မကူးစက်ခင် အီး-စီးကရက်ကို ပိတ်ပင်ဖို့ လိုအပ်တဲ့အတွက် အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက အခုလို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အရွယ်ရောက်ပြီးတဲ့ ဆေးလိပ်သောက်သူ ၁၀၆ သန်းရှိပြီး တရုတ်နိုင်ငံပြီးရင် ဒုတိယ အများဆုံး ဖြစ်လို့ အီး-စီးကရက် ကုမ္ပဏီတွေအတွက် ကြီးမားတဲ့ ဈေးကွက်ဖြစ်ပါတယ်။