အိႏၵိယမွာ တရားမဝင္ ႏိုင္ငံကူး လက္မွတ္လုပ္မႈေတြ ျမင့္တက္ေန

0
42

အိႏၵိယႏိုင္ငံကို တရားမဝင္ ေရာက္ရွိလာတဲ့ ျမန္မာ၊ ဘဂၤလားေဒ့ရွ္နဲ႔ နီေပါႏိုင္ငံက လူေတြဟာ အိႏၵိယ သက္ေသခံကတ္ျဖစ္တဲ့ အက္ဒ္ဟာကတ္ေတြ၊ တျခား သက္ေသခံ အေထာက္အထာေတြကို အသံုးျပဳၿပီး ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားမႈ ျမင့္တက္ေနတယ္လို႔ ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး႐ံုးက ေျပာပါတယ္။

ျမန္မာ၊ ဘဂၤလားေဒ့ရွ္နဲ႔ နီေပါႏိုင္ငံတို႔က ဝင္ေရာက္လာသူေတြဟာ အက္ဒ္ဟာကတ္၊ ေမြးစာရင္း၊ ေက်ာင္းထြက္ လက္မွတ္ေတြနဲ႔ အိႏၵိယႏိုင္ငံကူးလက္မွတ္ ရရွိဖို႔ ႀကိဳးစားေနၾကတာ ျဖစ္တယ္လို႔ ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး႐ံုးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး႐ံုးဟာ ဒီလို လိမ္လည္ ေလွ်ာက္ထားမႈေတြအတြက္ ဗဟိုနဲ႔ ျပည္နယ္ ဌာနဆိုင္ရာေတြနဲ႔ အနီးကပ္ ပူးေပါင္း အေရးယူေနေၾကာင္း၊ လြန္ခဲ့တဲ့ ႏွစ္ႏွစ္အတြင္း တရားမဝင္ ေလွ်ာက္ထားခဲ့မႈေတြေၾကာင့္ ႏိုင္ငံကူးလက္မွတ္ ျပန္သိမ္းခဲ့ရမႈ ၉၃ ခု ရွိေၾကာင္း၊ ဒါ့အျပင္ အိႏၵိယႏိုင္ငံသူကို လက္ထပ္ထားတဲ့ အိႏၵိယႏိုင္ငံသား မဟုတ္သူ ခင္ပြန္း NRI ေတြက အိႏၵိယႏိုင္ငံမွာ သက္ေသခံ အေထာက္အထားရၿပီးေနာက္ ဇနီးကို စြန္႔ပစ္မႈေတြလည္း ျမင့္တက္ေနေၾကာင္း ထုတ္ျပန္ထားပါတယ္။  

အိန္ဒိယမှာ တရားမဝင် နိုင်ငံကူး လက်မှတ်လုပ်မှုတွေ မြင့်တက်နေ


အိန္ဒိယနိုင်ငံကို တရားမဝင် ရောက်ရှိလာတဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံက လူတွေဟာ အိန္ဒိယ သက်သေခံကတ်ဖြစ်တဲ့ အက်ဒ်ဟာကတ်တွေ၊ တခြား သက်သေခံ အထောက်အထာတွေကို အသုံးပြုပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားမှု မြင့်တက်နေတယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ပြောပါတယ်။


မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံတို့က ဝင်ရောက်လာသူတွေဟာ အက်ဒ်ဟာကတ်၊ မွေးစာရင်း၊ ကျောင်းထွက် လက်မှတ်တွေနဲ့ အိန္ဒိယနိုင်ငံကူးလက်မှတ် ရရှိဖို့ ကြိုးစားနေကြတာ ဖြစ်တယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးဟာ ဒီလို လိမ်လည် လျှောက်ထားမှုတွေအတွက် ဗဟိုနဲ့ ပြည်နယ် ဌာနဆိုင်ရာတွေနဲ့ အနီးကပ် ပူးပေါင်း အရေးယူနေကြောင်း၊ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း တရားမဝင် လျှောက်ထားခဲ့မှုတွေကြောင့် နိုင်ငံကူးလက်မှတ် ပြန်သိမ်းခဲ့ရမှု ၉၃ ခု ရှိကြောင်း၊ ဒါ့အပြင် အိန္ဒိယနိုင်ငံသူကို လက်ထပ်ထားတဲ့ အိန္ဒိယနိုင်ငံသား မဟုတ်သူ ခင်ပွန်း NRI တွေက အိန္ဒိယနိုင်ငံမှာ သက်သေခံ အထောက်အထားရပြီးနောက် ဇနီးကို စွန့်ပစ်မှုတွေလည်း မြင့်တက်နေကြောင်း ထုတ်ပြန်ထားပါတယ်။