
0
746


 



 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

အိန္ဒိယမှာ ခရီးသည်တင် ဘတ်စ်ကား တူမြောင်းထဲထိုးကျ၊ အနည်းဆုံး ၂၈ ဦးသေ
ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ဘတ်စ်ကားတစ်စီး မတော်တဆမှုကြောင့် ကလေးတွေ အပါအဝင် လူ ၂၈ ဦး သေဆုံးခဲ့ပါတယ်။
ကာနာတာကာ ပြည်နယ်မှာ ခရီးသည် ၃၀ ကျော် စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားဟာ လမ်းချော်ပြီး တူးမြောင်းထဲကို ထိုးကျသွားခဲ့ကာ ခရီးသည်အများစုဟာ ကျောင်းကနေ အိမ်ကိုပြန်လာတဲ့ ကလေးတွေ ဖြစ်ပါတယ်။ ယာဉ်မောင်းဟာ ကား စတီယာရင်ကို မထိန်းနိုင်ဘဲ မတော်တဆမှု ဖြစ်ပွားခဲ့တယ်လို့ ရဲတွေက ယူဆပါတယ်။
အဲဒီ မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ လမ်းမှာ လမ်းဘေးတလျှောက် အကာအကွယ် အတားအဆီးတွေ ချထားတာမျိုး မရှိပါဘူး။ အိန္ဒိယမှာ လတ်တလော ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကား မတော်တဆမှုတွေကြောင့် ဘေးကင်းစိတ်ချရရေး အစီအမံတွေကို အမြန်လုပ်ဆောင်သွားဖို့ တောင်းဆိုနေကြပါတယ်။