အိႏၵိယနဲ႔ ျမန္မာတပ္ေတြ နယ္စပ္မွာ ပူးတြဲစစ္ေဆးေရး လုပ္

0
402

အိႏၵိယစစ္တပ္နဲ႔ ျမန္မာတပ္မေတာ္တို႔ အိႏၵိယ ျမန္မာနယ္စပ္ မဏိပူရ၊ နာဂလန္းနဲ႔ အာသံတို႔မွာ ေမလ ၁၆ ရက္ေန႔ကစၿပီး သီတင္း သံုးပတ္ၾကာ ပူးတြဲစစ္ဆင္ေရး လုပ္ေဆာင္ခဲ့ပါတယ္။

Sunrise စစ္ဆင္ေရးလို႔ အမည္ေပးထားတဲ့ ပူးတြဲစစ္ဆင္ေရးကို အိႏၵိယ-ျမန္မာ နယ္စပ္တေလွ်ာက္ရွိ အိႏၵိယ သူပုန္အဖြဲ႔ေတြကို ပစ္မွတ္ထား လုပ္ေဆာင္တာ ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံရဲ႕ အေရွ႕ေျမာက္ပိုင္းမွာ ျမန္မာႏိုင္ငံနဲ႔ ကီလိုမီတာ ၁၆၄၀ အရွည္အထိ နယ္နိမိတ္ခ်င္း ထိစပ္ေနပါတယ္။

အိႏၵိယ-ျမန္မာ နယ္စပ္မွာ အေျခစိုက္ေနတဲ့ ကမ္တာပူရ လြတ္ေျမာက္ေရး အဖြဲ႔ (KLO)၊ နာဂလန္း အမ်ိဳးသား ဆိုရွယ္လစ္ ေကာင္စီ-ကပၸလန္ (NSCN-K)၊ ညီညြတ္ေသာ အာသံလြတ္ေျမာက္ေရး တပ္ဦး၊ ဘို႐ိုလန္း အမ်ိဳးသား ဒီမိုကရက္တစ္ တပ္ဦး (NDFB) တို႔ကို ပစ္မွတ္ထားၿပီး စစ္ဆင္ေရး လုပ္ေဆာင္ေနတာပါ။ စစ္ဆင္ေရးအတြင္း သူပုန္ ၆၀ ေက်ာ္ ဖမ္းဆီးရမိေၾကာင္းနဲ႔ စခန္းအမ်ားအျပားကို ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း အိႏၵိယစစ္တပ္နဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

အိန္ဒိယနဲ့ မြန်မာတပ်တွေ နယ်စပ်မှာ ပူးတွဲစစ်ဆေးရေး လုပ်

အိန္ဒိယစစ်တပ်နဲ့ မြန်မာတပ်မတော်တို့ အိန္ဒိယ မြန်မာနယ်စပ် မဏိပူရ၊ နာဂလန်းနဲ့ အာသံတို့မှာ မေလ ၁၆ ရက်နေ့ကစပြီး သီတင်း သုံးပတ်ကြာ ပူးတွဲစစ်ဆင်ရေး လုပ်ဆောင်ခဲ့ပါတယ်။

Sunrise စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ပူးတွဲစစ်ဆင်ရေးကို အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ အိန္ဒိယ သူပုန်အဖွဲ့တွေကို ပစ်မှတ်ထား လုပ်ဆောင်တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၁၆၄၀ အရှည်အထိ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မှာ အခြေစိုက်နေတဲ့ ကမ်တာပူရ လွတ်မြောက်ရေး အဖွဲ့ (KLO)၊ နာဂလန်း အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K)၊ ညီညွတ်သော အာသံလွတ်မြောက်ရေး တပ်ဦး၊ ဘိုရိုလန်း အမျိုးသား ဒီမိုကရက်တစ် တပ်ဦး (NDFB) တို့ကို ပစ်မှတ်ထားပြီး စစ်ဆင်ရေး လုပ်ဆောင်နေတာပါ။ စစ်ဆင်ရေးအတွင်း သူပုန် ၆၀ ကျော် ဖမ်းဆီးရမိကြောင်းနဲ့ စခန်းအများအပြားကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အိန္ဒိယစစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။