
0
79




အိန္ဒိယကို ဘယ်လို ရောက်လာကြောင်း ရှင်းမပြနိုင်တဲ့ မြန်မာနိုင်ငံက လာသူနှစ်ဦးကို ဖမ်းဆီး

အိန္ဒိယနိုင်ငံ၊ ထရီပူရပြည်နယ်မှာ အိန္ဒိယနိုင်ငံကို ဘယ်လို ဝင်ရောက်လာခဲ့ကြောင်း အထောက်အထားတွေ မပြနိုင်တဲ့ မြန်မာနိုင်ငံက လာသူနှစ်ဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားကို ပြပေမယ့် အိန္ဒိယနိုင်ငံကို ဘယ်လို ရောက်လာသလဲဆိုတာ ရှင်းမပြနိုင်ဘူးလို့ ဘတ္တလာရဲစခန်းက ရဲအရာရှိ ကေ အာရ် ဒက်ဘ်က ပြောပါတယ်။
အိန္ဒိယကို ရောက်ရှိကြောင်း လုံလောက်တဲ့အထောက်အထား မပြနိုင်တဲ့ သူတို့နှစ်ဦးကို အမှုဖွင့်ပြီး တရားစွဲဖို့ ဖမ်းဆီးထားပါတယ်။