အိႏိၵယက ရခုိင္ျပည္နယ္အတြက္ လယ္ယာသံုးပစၥည္းေတြနဲ႔ ကြန္ပ်ဴတာေတြ လွဴဒါန္း

0
323

အိႏၵိယအစိုးရက ရခုိင္ျပည္နယ္အတြက္ လယ္ယာသံုးစက္ကိရိယာေတြနဲ႔ ကြန္ပ်ဴတာေတြ ေပးအပ္လွဴဒါန္းခဲ့ပါတယ္။ ဒီသတင္းကို  MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ဟာ စိုက္ပ်ိဳးေရးလုပ္ငန္းကို အဓိကလုပ္ကိုင္တဲ့ေဒသတစ္ခုျဖစ္ၿပီး ေက်းလက္ေဒသရဲ႕ ၇၅ ရာခိုင္ႏႈန္းေလာက္ဟာ လယ္ယာလုပ္ငန္းကို လုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။

လယ္ယာက႑ဖြံ႔ၿဖိဳးမႈေနာက္က်ေနတဲ့ ေဒသေတြမွာ ေခတ္မီစက္ကိရိယာေတြကို အသံုးျပဳႏုိင္ေရးအတြက္ အိႏၵိယအစိုးရက ရခိုင္ျပည္နယ္အတြက္ လယ္ထြန္စက္ ၁၅ စီးနဲ႔ စပါးရိတ္သိမ္းေျခြေလွ႔စက္ ၁၅ လုံးအပါအဝင္ စစ္ေတြၿမိဳ႕မွာရွိတဲ့ ကြန္ပ်ဴတာတကၠသိုလ္အတြက္ ကြန္ပ်ဴတာအလံုး ၄၀ ကို ဇြန္လ ၁၃ ရက္ မေန႔က ျပည္နယ္အစိုးရကေနတစ္ဆင့္ လွဴဒါန္းခဲ့တာပါ။

Sound Bite – H.E Shri Saurabh Kumar

       ျမန္မာႏုိင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး

ဘာသာျပန္- ရခုိင္ျပည္နယ္ ဖြ႔ံၿဖိဳးမႈအတြက္္လယ္ယာလုပ္ငန္းေတြမွာ အသံုးျပဳႏုိင္ဖုိ႔အတြက္ အိႏၵိယအစိုးရကေနၿပီးေတာ့ ထြန္စက္ ၁၅ စီး၊ ရိတ္သိမ္းေျခြေလွ႔စက္ ၁၅ လံုးနဲ႔ ကြန္္ပ်ဴတာအလံုး ၄၀ ကို ရခုိင္ျပည္နယ္အစိုးရကို ေပးအပ္လွဴဒါန္းခဲ့ပါတယ္။ အိႏၵိယ-ျမန္မာကုန္သြယ္ေရး ဖြံ႔ၿဖိဳးတိုးတက္လာဖုိ႔အတြက္ အိႏိၵယအစိုးရအေနနဲ႔ ကုလားတန္စီမံကိန္းအတြင္းမွာ အေမရိကန္ေဒၚလာ ၂၅ သန္းကို အသံုးျပဳဖို႔ ရည္ရြယ္ထားတာပါ။ ေနာက္ၿပီးေတာ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက တိုင္းရင္းသားလူမ်ိဳးစုေတြ ျပန္လည္ေနရာခ်ထားေရးေတြကိုလည္း လုပ္ေဆာင္ေနပါတယ္။ အိႏၵိယအစိုးရအေနနဲ႔ ျပန္လည္ေနရာခ်ထားေရးလုပ္ငန္းစဥ္ေတြမွာ ဟိႏၵဴေတြ၊ မူဆလင္ေတြနဲ႔ ရခိုင္မ်ိဳးႏြယ္စုေတြအတြက္ ေနအိမ္ေပါင္း ၂၅၀ ကိုလည္း ေဆာက္လုပ္ေနပါတယ္။

ရခိုင္ျပည္နယ္ဟာ လယ္ယာလုပ္ငန္းကို အဓိကလုပ္ကိုင္တဲ့ေဒသတစ္ခုျဖစ္သလို ဖြံ႔ၿဖိဳးေရးကိစၥအတြက္ ျပည္သူေတြအေနနဲ႔ ႀကိဳးစားေနဆဲကာလျဖစ္တဲ့အတြက္ အခုေပးအပ္လွဴဒါန္းတဲ့ ပစၥည္းေတြဟာ အက်ိဳးရွိတဲ့ ပစၥည္းေတြျဖစ္တာေၾကာင့္ ရခုိင္ျပည္သူေတြအတြက္ အက်ိဳးရွိရွိအသံုးခ်သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ကေျပာၾကားခဲ့ပါတယ္။

Sound Bite – ဦးညီပု (ဝန္ႀကီးခ်ဳပ္)

      ရခုိင္ျပည္နယ္အစိုးရအဖြဲ႔

အဲ့ဒီစက္ကိရိယာေတြကို ရခိုင္ျပည္နယ္မွာ ထိထိေရာက္ေရာက္အက်ိဳးရွိေအာင္ အခုမိုးတြင္းကာလအမီ ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီနဲ႔ ေပါင္းစပ္ညွိႏုိင္းၿပီး ေတာင္သူေတြရဲ႕လက္ထဲကို အေရာက္ပို႔ေပးသြားမွာျဖစ္တယ္လို႔ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဆယ္ေျမာင္းဝန္ႀကီး ဦးေက်ာ္လြင္ကေျပာပါတယ္။

အင္တာဗ်ဴး – ဦးေက်ာ္လြင္ (လယ္ယာ၊ဆည္ေျမာင္းနဲ႔ သတၱဳတြင္းဝန္ႀကီး)

     ရခိုင္ျပည္နယ္အစိုးရအဖြဲ႔

ဒါ့အျပင္ အိႏၵိယအစိုးရအေနနဲ႔ ရခုိင္ျပည္နယ္ဖြ႔ံၿဖိဳးတိုးတက္ေရးလုပ္ငန္းေတြမွာ အကူအညီေတြ ေပးသြားမွာျဖစ္ၿပီး ရခုိင္ျပည္သူေတြ အလုပ္အကိုင္အခြင့္အလမ္းေတြ ရရွိလာေအာင္လည္း ႀကိဳးစားေဆာင္ရြက္သြားမွာ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီးက ေျပာၾကားခဲ့ပါတယ္ ခင္ဗ်ား။

အိန္ဒိယအစိုးရက ရခိုင်ပြည်နယ်အတွက် လယ်ယာသုံးစက်ကိရိယာတွေနဲ့ ကွန်ပျူတာတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။


ရခိုင်ပြည်နယ်ဟာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ဒေသတစ်ခုဖြစ်ပြီး ကျေးလက်ဒေသရဲ့ ၇၅ ရာခိုင်နှုန်းလောက်ဟာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေကြတာဖြစ်ပါတယ်။


လယ်ယာကဏ္ဍဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသတွေမှာ ခေတ်မီစက်ကိရိယာတွေကို အသုံးပြုနိုင်ရေးအတွက် အိန္ဒိယအစိုးရက ရခိုင်ပြည်နယ်အတွက် လယ်ထွန်စက် ၁၅ စီးနဲ့ စပါးရိတ်သိမ်းခြွေလှေ့စက် ၁၅ လုံးအပါအဝင် စစ်တွေမြို့မှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ်အတွက် ကွန်ပျူတာအလုံး ၄၀ ကို ဇွန်လ ၁၃ ရက် မနေ့က ပြည်နယ်အစိုးရကနေတစ်ဆင့် လှူဒါန်းခဲ့တာပါ။


Sound Bite – H.E Shri Saurabh Kumar
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး


ဘာသာပြန်- ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုအတွက်လယ်ယာလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် အိန္ဒိယအစိုးရကနေပြီးတော့ ထွန်စက် ၁၅ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၁၅ လုံးနဲ့ ကွန်ပျူတာအလုံး ၄၀ ကို ရခိုင်ပြည်နယ်အစိုးရကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အိန္ဒိယ-မြန်မာကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အိန္ဒိယအစိုးရအနေနဲ့ ကုလားတန်စီမံကိန်းအတွင်းမှာ အမေရိကန်ဒေါ်လာ ၂၅ သန်းကို အသုံးပြုဖို့ ရည်ရွယ်ထားတာပါ။ နောက်ပြီးတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသားလူမျိုးစုတွေ ပြန်လည်နေရာချထားရေးတွေကိုလည်း လုပ်ဆောင်နေပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွေမှာ ဟိန္ဒူတွေ၊ မူဆလင်တွေနဲ့ ရခိုင်မျိုးနွယ်စုတွေအတွက် နေအိမ်ပေါင်း ၂၅၀ ကိုလည်း ဆောက်လုပ်နေပါတယ်။


ရခိုင်ပြည်နယ်ဟာ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ဒေသတစ်ခုဖြစ်သလို ဖွံ့ဖြိုးရေးကိစ္စအတွက် ပြည်သူတွေအနေနဲ့ ကြိုးစားနေဆဲကာလဖြစ်တဲ့အတွက် အခုပေးအပ်လှူဒါန်းတဲ့ ပစ္စည်းတွေဟာ အကျိုးရှိတဲ့ ပစ္စည်းတွေဖြစ်တာကြောင့် ရခိုင်ပြည်သူတွေအတွက် အကျိုးရှိရှိအသုံးချသွားမယ်လို့ ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။


Sound Bite – ဦးညီပု (ဝန်ကြီးချုပ်)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့


အဲ့ဒီစက်ကိရိယာတွေကို ရခိုင်ပြည်နယ်မှာ ထိထိရောက်ရောက်အကျိုးရှိအောင် အခုမိုးတွင်းကာလအမီ မြို့နယ်စီမံခန့်ခွဲရေးကော်မတီနဲ့ ပေါင်းစပ်ညှိနိုင်းပြီး တောင်သူတွေရဲ့လက်ထဲကို အရောက်ပို့ပေးသွားမှာဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆယ်မြောင်းဝန်ကြီး ဦးကျော်လွင်ကပြောပါတယ်။


အင်တာဗျူး – ဦးကျော်လွင် (လယ်ယာ၊ဆည်မြောင်းနဲ့ သတ္တုတွင်းဝန်ကြီး)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့


ဒါ့အပြင် အိန္ဒိယအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ အကူအညီတွေ ပေးသွားမှာဖြစ်ပြီး ရခိုင်ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာအောင်လည်း ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ပြောကြားခဲ့ပါတယ် ခင်ဗျား။