
0
118




အားကိုးရတဲ့ ခေါင်းဆောင်တွေဖြစ်ရေး အရည်အသွေး တိုးတက်အောင် ကြိုးစားဖို့ လိုအပ်ကြောင်း တပ်ချုပ် တိုက်တွန်း


ဘယ်အဖွဲ့အစည်းမဆို ခေါင်းဆောင်မှု အခန်းကဏ္ဍ အရေးကြီးတဲ့အတွက် မိမိကိုယ်ကို ကောင်းမွန်အောင် အမြဲတမ်း တည်ဆောက်နေရမှာ ဖြစ်ကြောင်းနဲ့ မိမိအဖွဲ့အစည်းတွေက အားကိုးရတဲ့ ခေါင်းဆောင်တွေ ဖြစ်ဖို့ မိမိတို့ အရည်အသွေးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။


သြဂုတ် ၁၄ ရက်နေ့က ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနဲ့ ဆေးဘက်ပညာ တက္ကသိုလ်တို့က နည်းပြအရာရှိကြီးတွေ မဟာသိပ္ပံသင်တန်းသား၊ သင်တန်းသူတွေ၊ ဆေးတက္ကသိုလ် ဗိုလ်လောင်းတွေ၊ တပ်မတော်သူနာပြုနဲ့ ဆေးဘက်ပညာတက္ကသိုလ်က သင်တန်းသား၊ သင်တန်းသူတွေနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။


ဒါ့အပြင် စစ်ဘက်ခေါင်းဆောင် တွေအနေနဲ့ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်ဝပြီး မိမိဦးဆောင်တဲ့ အဖွဲ့အစည်းရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး စတဲ့ သက်သာချောင်ချိမှု၊ အုပ်ချုပ်မှု ကိစ္စမှန်သမျှကို မှန်မှန်ကန်ကန်နဲ့ ဦးဆောင်ပြီး စီမံခန့်ခွဲနိုင်ရမှာ ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။