ဒေါ်လာ ဘီလီယံချီ အကုန်အကျခံထားတဲ့ တိုကျို အိုလံပစ်ကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်း

0
202

ဂျပန်နိုင်ငံမှာ ကျင်းပမယ့် တိုကျို အိုလံပစ် အားကစားပွဲတော်ကို နောက်တစ်နှစ်အကြာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ကျင်းပမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မတ်လ ၂၄ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံ အကုန်အကျ ခံထားတဲ့ တိုကျို အိုလံပစ် ပွဲတော်ကို COVID-19 ရောဂါကြောင့် အားကစားသမားတွေ၊ ပရိသတ်တွေ၊ ကမကထပြုမယ့်သူတွေ လာရောက်ဖို့ မသေချာတာကြောင့် နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ သောမတ်စ် ဘတ်ချ်နဲ့ ဖုန်းဆက် ဆွေးနွေးပြီးနောက် အခုလို ရွှေ့ဆိုင်းလိုက်တာပါ။

အိုလံပစ် ပွဲတော်ကို နောက် နွေရာသီမှာ လက်ခံကျင်းပဖို့ သဘောတူခဲ့ကြောင်း ဂျပန် ဝန်ကြီးချုပ်က ပြောပါတယ်။ နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌနဲ့ ၄၅ မိနစ်ကြာ ဆွေးနွေးမှုမှာ တိုကျို အုပ်ချုပ်ရေးမှူး ယူရီကို ကိုအီကဲနဲ့ တိုကျို အိုလံပစ် ဥက္ကဋ္ဌ ယိုရှီရို မိုရီလည်း ပါဝင်ခဲ့ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)