အားကစားလုပ္ျခင္းက လူငယ္ေတြအတြက္ ေအာင္ျမင္မႈပန္းတိုင္ကို အဆင္ေျပစြာ ေရာက္ႏိုင္

0
42

လူငယ္ေတြအေနနဲ႔ က်န္းမာေရးလိုက္စားတာဟာ တိုင္းျပည္အက်ိဳးကို ေဆာင္ရြက္တာျဖစ္တယ္လို႔ ရန္ကုန္တိုင္း လူမႈေရး၀န္ႀကီးကေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္က ေပးပို႕ထားပါတယ္။

အားကစားလုပ္တာက ကိုယ္လက္က်န္းမာႀကံ့ခိုင္တာအျပင္ စိတ္ကူးစိတ္သန္းေတြ ေကာင္းမြန္ၿပီး လူငယ္ေတြရဲ႕ ဘ၀ေရွ႕ေရးအတြက္ ေအာင္ျမင္မႈပန္းတိုင္ကို အဆင္ေျပစြာေရာက္ရွိတဲ့ အက်ိဳးေက်းဇူးကိုရႏိုင္တယ္လို႕ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လူမႈေရး၀န္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။

စက္တင္ဘာလ ၇ ရက္ေန႕က ရန္ကုန္ၿမိဳ႕၊ ရႈခင္းသာရွိ water boom မွာ ျပဳလုပ္တဲ့ အမ်ိဳးသမီးကိုယ္ကာ ယႀကံ့ခိုင္မႈၿပိဳင္ပြဲမွာ လူမႈေရး၀န္ႀကီးကအခုလိုေျပာခဲ့တာပါ။

Soundbite – ဦးႏိုင္ငံလင္း (လူမႈေရး၀န္ႀကီး)

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕

ဒါ့အျပင္ အစိုးရက ႏိုင္ငံသူ၊ ႏိုင္ငံသားေတြရဲ႕ က်န္းမာေရးက႑တိုးတက္ဖို႕ ေဆာင္ရြက္တဲ့ေနရာမွာ အခက္အခဲ ေတြကိုႀကံဳေတြ႕ေနရၿပီး ရန္ကုန္တိုင္းေဒသႀကီးထဲက ၿမိဳ႕နယ္ေတြမွာလည္း အားကစားလုပ္ဖို႔အတြက္ ေဘာလံုးကြင္းေတြ၊ အားကစားခန္းမေတြ လံုေလာက္မႈမရွိဘူးလို႕ ေျပာပါတယ္။

Soundbite – ဦးႏိုင္ငံလင္း (လူမႈေရး၀န္ႀကီး)

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕

ဒါ့အျပင္ ႏိုင္ငံေတာ္အစိုးရက ဦးေဆာင္ၿပီး အေျခခံပညာေက်ာင္းေတြမွာရွိတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ စာသင္ခ်ိန္ေတြအတြင္းမွာ ကိုယ္ကာယေလ့က်င့္ခန္း (PE) အခ်ိန္ကို ထည့္သြင္းၿပီး အားကစားျပဳလုပ္ႏိုင္ဖို႕အတြက္ ေဆာင္ရြက္ေနတယ္လို႕လည္းေျပာပါတယ္ခင္ဗ်ာ။

အားကစားလုပ်ခြင်းက လူငယ်တွေအတွက် အောင်မြင်မှုပန်းတိုင်ကို အဆင်ပြေစွာ ရောက်နိုင်


လူငယ်တွေအနေနဲ့ ကျန်းမာရေးလိုက်စားတာဟာ တိုင်းပြည်အကျိုးကို ဆောင်ရွက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။


အားကစားလုပ်တာက ကိုယ်လက်ကျန်းမာကြံ့ခိုင်တာအပြင် စိတ်ကူးစိတ်သန်းတွေ ကောင်းမွန်ပြီး လူငယ်တွေရဲ့ ဘဝရှေ့ရေးအတွက် အောင်မြင်မှုပန်းတိုင်ကို အဆင်ပြေစွာရောက်ရှိတဲ့ အကျိုးကျေးဇူးကိုရနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။


စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့၊ ရှုခင်းသာရှိ water boom မှာ ပြုလုပ်တဲ့ အမျိုးသမီးကိုယ်ကာ ယကြံ့ခိုင်မှုပြိုင်ပွဲမှာ လူမှုရေးဝန်ကြီးကအခုလိုပြောခဲ့တာပါ။
Soundbite – ဦးနိုင်ငံလင်း (လူမှုရေးဝန်ကြီး)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့


ဒါ့အပြင် အစိုးရက နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ကျန်းမာရေးကဏ္ဍတိုးတက်ဖို့ ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲ တွေကိုကြုံတွေ့နေရပြီး ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တွေမှာလည်း အားကစားလုပ်ဖို့အတွက် ဘောလုံးကွင်းတွေ၊ အားကစားခန်းမတွေ လုံလောက်မှုမရှိဘူးလို့ ပြောပါတယ်။


Soundbite – ဦးနိုင်ငံလင်း (လူမှုရေးဝန်ကြီး)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ဒါ့အပြင် နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး အခြေခံပညာကျောင်းတွေမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စာသင်ချိန်တွေအတွင်းမှာ ကိုယ်ကာယလေ့ကျင့်ခန်း (PE) အချိန်ကို ထည့်သွင်းပြီး အားကစားပြုလုပ်နိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့လည်းပြောပါတယ်ခင်ဗျာ။