အာရွထိပ္သီး ညီလာခံမွာ သတင္းတု တိုက္ဖ်က္ေရး ေဆြးေႏြး

0
118

ကေမာၻဒီးယားႏိုင္ငံ၊ ဆီရမ္ရိ (ပ္) ၿမိဳ႕မွာ ဇြန္လ ၁၂ ရက္ေန႔ကေန ဇြန္လ ၁၄ ရက္ေန႔အထိ က်င္းပတဲ့ (၁၆) ႀကိမ္ေျမာက္ အာရွမီဒီယာ ထိပ္သီးညီလာခံမွာ သတင္းတု တိုက္ဖ်က္ေရးက႑မွာ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။

ထိပ္သီးညီလာခံရဲ႕ ဝန္ႀကီးအဆင့္ ေဆြးေႏြးပြဲကို “How we can adapt to Digital Revolution” ေခါင္းစဥ္နဲ႔ က်င္းပရာ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္၊ ကေမာၻဒီးယားနိုင္ငံ ျပန္ၾကားေရး ဝန္ႀကီး ေဒါက္တာ ေကအူ ကန္ဟာရီ၊ ဖိလစ္ပိုင္ႏိုင္ငံ ျပန္ၾကားေရးဝန္ႀကီး မစၥတာ ဂ်ိဳ႕စ္ ႐ူပါတို မာတင္ အန္ဒါနာ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ျပန္ၾကားေရးဝန္ႀကီး ေဒါက္တာ ဟာဆန္ မာမြတ္၊ ကိုရီးယားသမၼတႏိုင္ငံ ဆက္သြယ္ေရး ဒုတိယဝန္ႀကီး ေဒါက္တာ ဆမ္ ေဆယို ကိုနဲ႔ ဆာမိုအာကၽြန္းႏိုင္ငံ ဆက္သြယ္ေရးႏွင့္ သတင္းအခ်က္အလက္ နည္းပညာ ဒုတိယဝန္ႀကီး မစၥတာ လီယာလိုင္ေလပူေလ ရီမိုနီ အိုင္ယာဖီ တို႔က ဦးေဆာင္ ေဆြးေႏြးသူေတြအျဖစ္ ပါဝင္ခဲ့ၾကပါတယ္။

မြန္းလြဲပိုင္းမွာ ဝန္ႀကီးအဆင့္အစည္းအေဝးကို ဆက္လက္ က်င္းပရာ တက္ေရာက္လာၾကတဲ့ ဝန္ႀကီးေတြ၊ ဒုတိယ ဝန္ႀကီးေတြနဲ႔ အာရွ-ပစိဖိတ္ ႐ုပ္သံလႊင့္ လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဗဟိုဌာန (AIBD) က တာဝန္ရွိသူေတြက သတင္းတု (Fake News) တိုက္ဖ်က္ ေရးက႑မွာ ပူးေပါင္ေဆာင္ရြက္ေရး ဆိုင္ရာ ကိစၥေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ အစည္းအေဝးကို အာရွ-ပစိဖိတ္ ေဒသတြင္းနဲ႔ ေဒသျပင္ပရွိ နိုင္ငံေပါင္း ၄၂ ႏိုင္ငံမွ သတင္းအခ်က္ အလက္နဲ႔ မီဒီယာဆိုင္ရာ အႀကီးအကဲေတြ၊ အဆင့္ျမင့္ အရာရွိႀကီးေတြ၊ AIBD ဥကၠ႒ မစၥတာ ေဖယက္ ေရွရီယာ၊ မီဒီယာ ကၽြမ္းက်င္သူေတြ၊ မူဝါဒခ်မွတ္သူေတြနဲ႔ စိတ္ပါဝင္စားသူ ကိုယ္စားလွယ္ေပါင္း ၆၀၀ ခန္႔ တက္ေရာက္ပါတယ္။

အာရှထိပ်သီး ညီလာခံမှာ သတင်းတု တိုက်ဖျက်ရေး ဆွေးနွေး

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိ (ပ်) မြို့မှာ ဇွန်လ ၁၂ ရက်နေ့ကနေ ဇွန်လ ၁၄ ရက်နေ့အထိ ကျင်းပတဲ့ (၁၆) ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးညီလာခံမှာ သတင်းတု တိုက်ဖျက်ရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ထိပ်သီးညီလာခံရဲ့ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို “How we can adapt to Digital Revolution” ခေါင်းစဉ်နဲ့ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ကေအူ ကန်ဟာရီ၊ ဖိလစ်ပိုင်နိုင်ငံ ပြန်ကြားရေးဝန်ကြီး မစ္စတာ ဂျို့စ် ရူပါတို မာတင် အန်ဒါနာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဟာဆန် မာမွတ်၊ ကိုရီးယားသမ္မတနိုင်ငံ ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဒေါက်တာ ဆမ် ဆေယို ကိုနဲ့ ဆာမိုအာကျွန်းနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဒုတိယဝန်ကြီး မစ္စတာ လီယာလိုင်လေပူလေ ရီမိုနီ အိုင်ယာဖီ တို့က ဦးဆောင် ဆွေးနွေးသူတွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။

မွန်းလွဲပိုင်းမှာ ဝန်ကြီးအဆင့်အစည်းအဝေးကို ဆက်လက် ကျင်းပရာ တက်ရောက်လာကြတဲ့ ဝန်ကြီးတွေ၊ ဒုတိယ ဝန်ကြီးတွေနဲ့ အာရှ-ပစိဖိတ် ရုပ်သံလွှင့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (AIBD) က တာဝန်ရှိသူတွေက သတင်းတု (Fake News) တိုက်ဖျက် ရေးကဏ္ဍမှာ ပူးပေါင်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးကို အာရှ-ပစိဖိတ် ဒေသတွင်းနဲ့ ဒေသပြင်ပရှိ နိုင်ငံပေါင်း ၄၂ နိုင်ငံမှ သတင်းအချက် အလက်နဲ့ မီဒီယာဆိုင်ရာ အကြီးအကဲတွေ၊ အဆင့်မြင့် အရာရှိကြီးတွေ၊ AIBD ဥက္ကဋ္ဌ မစ္စတာ ဖေယက် ရှေရီယာ၊ မီဒီယာ ကျွမ်းကျင်သူတွေ၊ မူဝါဒချမှတ်သူတွေနဲ့ စိတ်ပါဝင်စားသူ ကိုယ်စားလှယ်ပေါင်း ၆၀ဝ ခန့် တက်ရောက်ပါတယ်။