အာဖန္ဂန္နစၥတန္ မဂၤလာေဆာင္ ဗံုးခြဲတုိက္ခို္က္မႈ IS အဖြဲ႔ ဝန္ခံ

0
48

အာဖန္ဂန္နစၥတန္ႏုိင္ငံ၊ ကဘူးလ္ၿမိဳ႕မွာ လူ ၆၃ ဦး ေသဆံုးတဲ့ မဂၤလာေဆာင္ဧည့္ခံပြဲ တိုက္ခုိက္မႈဟာ သူတုိ႔ လက္ခ်က္ျဖစ္တယ္လို႔ IS အစၥလာမ္ အၾကမ္းဖက္ အဖြဲ႔က ဝန္ခံထားပါတယ္။ 

မေန႔ ၾသဂုတ္လ ၁၈ ရက္ေန႔က ကဘူးလ္ၿမိဳ႕ မဂၤလာေဆာင္ တစ္ခုမွာ အေသခံ ဗံုးခြဲတုိက္ခုိက္မႈ ျဖစ္ခဲ့ရာ လူ ၆၃ ဦးေသဆံုးသြားၿပီး ၁၈၀ ေက်ာ္ ဒဏ္ရာရသြားခဲ့ပါတယ္။ ရွီယာမြတ္စလင္ အမ်ားစုေနထုိင္တဲ့ ကဘူးလ္ၿမိဳ႕ အေနာက္ပိုင္းမွာ အေသခံဗံုးခြဲ တုိက္ခုိက္မႈျဖစ္ခဲ့ေၾကာင္း အာဖန္ဂန္နစၥတန္ အာဏာပိုင္ေတြက ေျပာပါတယ္။

အာဖန္ဂန္နစၥတန္ႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးျဖစ္ေပၚေစဖို႔ အေမရိကန္ အစိုးရ တာဝန္ရွိသူေတြနဲ႔ တာလီဘန္ သူပုန္အဖြဲ႔တို႔  ေဆြးေႏြးေနတဲ့ ကာလအတြင္း အေသခံဗံုးခြဲတုိက္ခုိက္မႈ ျဖစ္ခဲ့တာပါ။

အာဖန်ဂန်နစ္စတန် မင်္ဂလာဆောင် ဗုံးခွဲတိုက်ခိ်ုက်မှု IS အဖွဲ့ ဝန်ခံ


အာဖန်ဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့မှာ လူ ၆၃ ဦး သေဆုံးတဲ့ မင်္ဂလာဆောင်ဧည့်ခံပွဲ တိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ IS အစ္စလာမ် အကြမ်းဖက် အဖွဲ့က ဝန်ခံထားပါတယ်။


မနေ့ သြဂုတ်လ ၁၈ ရက်နေ့က ကဘူးလ်မြို့ မင်္ဂလာဆောင် တစ်ခုမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့ရာ လူ ၆၃ ဦးသေဆုံးသွားပြီး ၁၈၀ ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။ ရှီယာမွတ်စလင် အများစုနေထိုင်တဲ့ ကဘူးလ်မြို့ အနောက်ပိုင်းမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ခဲ့ကြောင်း အာဖန်ဂန်နစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။


အာဖန်ဂန်နစ္စတန်နိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်ပေါ်စေဖို့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေနဲ့ တာလီဘန် သူပုန်အဖွဲ့တို့ ဆွေးနွေးနေတဲ့ ကာလအတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။