
0
41




အာဖဂန် တောင်ပိုင်းမှာ တာလီဘန်တွေ အသေခံ ဗုံးခွဲ၊ လူ ၂၀ သေ

အာဖဂန်နစ္စတန် တောင်ပိုင်းရှိ ထောက်လှမ်းရေး အဆောက်အဦကို ပစ်မှတ်ထားပြီး တာလီဘန်တွေက အသေခံ ကားဗုံးခွဲမှုမှာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး လူ ၁၀ဝ ကျော် ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဇာဘူလ်ခရိုင်၊ ကွာလတ်မြို့မှာ ဒီနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်က အသေခံ ကားဗုံးခွဲတာ ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ အမျိုးသားညွှန်ကြားရေးမှူးရုံး (NDS) ကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ဇာဘူလ် ပြည်နယ် ကောင်စီ အကြီးအကဲ ဟက်ဘာယန်က ပြောပါတယ်။

ဒဏ်ရာရသူလည်း ၁၀ဝ ကျော်ရှိပြီး အပျက်အစီးတွေကြားမှာ ရှာဖွေမှုတွေ ဆက်လုပ်နေလို့ ထိခိုက်သေဆုံးသူ အရေအတွက် ပိုများလာနိုင်တယ်လို့လည်း သူက ပြောပါတယ်။