အာဖဂန္နစၥတန္ရဲ႕ၿမိဳ႕ႀကီးတစ္ခုျဖစ္တဲ့ ခြန္ဒုဇ္ ကို တာလီဘန္ေတြ တိုက္ခိုက္

0
70

အာဖဂန္နစၥတန္ႏိုင္ငံရဲ႕ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္တဲ့ ခြန္ဒုဇ္ၿမိဳ႕ကို ၾသဂုတ္လ ၃၁ ရက္ေန႔ စေနေန႔ က တာလီဘန္ေတြ အင္အားအလံုးအရင္းနဲ႔ စတင္ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။

အေမရိကန္နဲ႔ တာလီဘန္တို႔ ကာတာမွာ အေမရိကန္စစ္သားေတြျပန္႐ုပ္တဲ့အေရးအတြက္ ေဆြးေႏြးေနစဥ္ခ်ိန္မွာပဲ တာလီဘန္တို႕က အခုလို တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ အခုတိုက္ခိုက္မႈဟာ စေနေန႔ မနက္ ၁ နာရီဝန္းက်င္ေလာက္က စခဲ့တာပါ။ အခုခ်ိန္ထိ တုိက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနၿပီး တာလီဘန္ေတြကို ျပန္လည္တိုက္ခိုက္ဖို႔ ကြန္မန္ဒိုေတြ ေရာက္လာၿပီျဖစ္ေၾကာင္း ရဲေရး ေျပာေရးဆိုခြင့္႐ွိသူ ဆာဝါ ဟူစိန္ ကေျပာပါတယ္။ 

ခြန္ဒုဇ္ၿမိဳ႕တြင္း ေျမျပင္နဲ႔ ေလေၾကာင္းစစ္ဆင္ေရးေတြေၾကာင့္ တာလီဘန္ ၃၄ ဦးေသဆံုးေၾကာင္း၊ တာလီဘန္ေတြဟာ ခြန္ဒုဇ္ၿမိဳ႕ရဲ႕ ေဆး႐ုံကို ထိန္းခ်ဳပ္ထားၿပီး လူနာေြတြကို ဓားစာခံအျဖစ္ေခၚထားေၾကာင္း ကာကြယ္ေရး ဝန္ႀကီးဌာနရဲ႕ ေျပာခြင့္ရသူက ေျပာပါတယ္။ လူနာ ဘယ္ႏွ ေယာက္ကို ဓားစာခံအျဖစ္ ဖမ္းထားလဲဆိုတာေတာ့ ေျပာဆိုျခင္းမ႐ွိပါဘူး။

အာဖဂန်နစ္စတန်ရဲ့မြို့ကြီးတစ်ခုဖြစ်တဲ့ ခွန်ဒုဇ် ကို တာလီဘန်တွေ တိုက်ခိုက်

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ခွန်ဒုဇ်မြို့ကို သြဂုတ်လ ၃၁ ရက်နေ့ စနေနေ့ က တာလီဘန်တွေ အင်အားအလုံးအရင်းနဲ့ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အမေရိကန်နဲ့ တာလီဘန်တို့ ကာတာမှာ အမေရိကန်စစ်သားတွေပြန်ရုပ်တဲ့အရေးအတွက် ဆွေးနွေးနေစဉ်ချိန်မှာပဲ တာလီဘန်တို့က အခုလို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အခုတိုက်ခိုက်မှုဟာ စနေနေ့ မနက် ၁ နာရီဝန်းကျင်လောက်က စခဲ့တာပါ။ အခုချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တာလီဘန်တွေကို ပြန်လည်တိုက်ခိုက်ဖို့ ကွန်မန်ဒိုတွေ ရောက်လာပြီဖြစ်ကြောင်း ရဲရေး ပြောရေးဆိုခွင့်ရှိသူ ဆာဝါ ဟူစိန် ကပြောပါတယ်။

ခွန်ဒုဇ်မြို့တွင်း မြေပြင်နဲ့ လေကြောင်းစစ်ဆင်ရေးတွေကြောင့် တာလီဘန် ၃၄ ဦးသေဆုံးကြောင်း၊ တာလီဘန်တွေဟာ ခွန်ဒုဇ်မြို့ရဲ့ ဆေးရုံကို ထိန်းချုပ်ထားပြီး လူနွောတွကို ဓားစာခံအဖြစ်ခေါ်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ လူနာ ဘယ်နှ ယောက်ကို ဓားစာခံအဖြစ် ဖမ်းထားလဲဆိုတာတော့ ပြောဆိုခြင်းမရှိပါဘူး။