အာဆီယံနိုင်ငံတွေ စိုက်ပျိုးရေးနဲ့ သစ်တောထွက်ကုန် တိုးမြှင့်ရေး MoU ရေးထိုး

0
71

အာဆီယံနိုင်ငံတွေမှာ စိုက်ပျိုးရေးနဲ့ သစ်တောထွက်ကုန်တွေ တိုးမြှင့် ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (၂၀၂၉ – ၂၀၂၄) နားလည်မှု စာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့မှာ အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပတဲ့ (၄၁) ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၊ (၁၉) ကြိမ်မြောက် အာဆီယံ + ၃ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနဲ့ (၅) ကြိမ်မြောက် အာဆီယံ − အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ တက်ရောက်စဉ်အတွင်း အခုလို MoU မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါ့အပြင် ဝန်ကြီး ဒေါက်တာ အောင်သူ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အပြည်ပြည် ဆိုင်ရာ ဆန်စပါးသုတေသနဌာနမှ ညွှန်ကြားရေးမှူးချုပ်နဲ့ အာဆီယံ − အမေရိကန် စီးပွားရေး လုပ်ငန်းများကောင်စီမှ ဒုတိယဥက္ကဋ္ဌတို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေ စိုက်ပျိုးရေးနဲ့ သစ်တောထွက်ကုန် တိုးမြှင့်ရေး MoU ရေးထို