
0
1705





>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဂျင်တီးနား မြစ်ရေကြီးမှု ဒေသခံ ၁၀ဝ၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့

အာဂျင်တီးနားနိုင်ငံအနောက်မြောက်ပိုင်းမှာ မနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က မိုးသည်းထန်စွာ ရွာ သွန်း ပြီး မြစ်ရေတက်လာခဲ့လို့ ဒေသခံ ၁၀ဝ၀ ကို အရေးပေါ်ပြောင်းရွှေ့ပေးမှုတွေ လုပ်ပေးခဲ့ရပါတယ်။

Salta မြို့ Pilcomayo မြစ်ကမ်းအနီးရှိ ကျေးရွာတွေက ဒေသခံတွေကို ပြောင်းရွှေ့ပေးခဲ့ကြတာပါ။ အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ရေထဲမှာ လူနေအိမ်တွေ ၊ ကားတွေ နဲ့ တခြားပျက်စီးတဲ့ အပိုင်းအစ အများစွာ လည်းမျောပါလာခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဘက်က ဒေသခံတွေကို ကယ်ဆယ်ခဲ့ကြပေမဲ့ လတ်တလောအခြေအနေမှာ သေဆုံးသူ ရှိမရှိ ၊ နေအိမ်ဘယ်လောက်များများပျက်စီးသွားတယ်ဆိုတာ မသိရှိရသေးပါဘူး။

မြစ်ရေကတော့ လာမယ့် ၄ ရက်အတွင်း ၆ မီတာအထိ တက်လာမဲ့အခြေ အနေမှာရှိ နေတယ်လို့ သက်ဆိုင် ရာအဖွဲ့တွေက ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။