အသည္းေရာင္ အသားဝါေရာဂါနဲ႔ HIV ေရာဂါအေၾကာင္း အသိေပညာေပး ဟောေျပာ

0
111

အသည္းေရာင္အသားဝါေရာဂါနဲ႔ HIV ေရာဂါ အေၾကာင္းကို ျမန္မာနိုင္ငံအသည္းေဖာင္ေဒးရွင္းက မုံရြာၿမိဳ႕မွာ အသိပညာေပးေဟာေျပာခဲ႔ ပါတယ္။ ဒီသတင္းကို MCN မုံရြာသတင္းေထာက္ တင္မာေဆြက ေပးပို႔ထားၿပီး တင္ေမာင္ေထြးက တင္ဆက္ေပးထားပါတယ္။

အသည္းေရာင္အသားဝါေရာဂါ A ကေန E အထိ အဆင့္ ၅ မ်ိဳးရွိၿပီး အသည္းေရာင္အသားဝါ A ၊ B နဲ႔ E မွာေတာ့ ကာကြယ္ေဆးရွိတာ ျဖစ္ပါတယ္။

ဒါေပမယ့္ အသည္းေရာင္အသားဝါ C နဲ႔ D မွာေတာ့ ဒီကေန႔အခ်ိန္အထိ ကာကြယ္ေဆးမရွိဘူးလို႔  ျမန္မာနိုင္ငံအသည္းေဖာင္ေဒးရွင္းက ေျပာပါတယ္။

ၾသဂုတ္လ ၁၄ ရက္ေန႔က မုံရြာၿမိဳ႕မွာ အသည္းေရာင္အသားဝါေရာဂါနဲ႔ HIV ေရာဂါ အေၾကာင္း အသိပညာေပး ေဟာေျပာခဲ႔တာပါ။

Soundbite  ေဒါက္တာ ေဒၚခင္ၿပဳံးၾကည္ (ဥကၠ႒) ျမန္မာနိုင္ငံအသည္းေဖာင္ေဒးရွင္း

အသည္းေရာင္အသားဝါေရာဂါ ၅ မ်ိဳးလံုးဟာ ေရာဂါလကၡဏာေတြ တူညီၾကၿပီး ပ်ိဳ႕အန္တာ၊ ေမာပန္းတာ၊ အစားေသာက္ပ်က္တာ၊ ဗိုက္နာတာ စတဲ႔ ေရာဂါလကၡဏာေတြ ကနဦးေပၚေပါက္တယ္လို႔လည္း ေျပာပါတယ္။

အသည္းေရာင္အသားဝါေရာဂါ C ပိုးက ေရာဂါျဖစ္စအခ်ိန္မွာ ကုသလို႔ရေပမယ့္ ေရာဂါအဆင့္လြန္ရင္ေတာ့ အသည္းပ်က္စီးေစၿပီး ကင္ဆာအဆင့္ကို ေရာက္ရိွနိုင္တာေၾကာင့္ အခ်ိန္မီ ကုသၾကဖို႔ ျမန္မာနိုင္ငံအသည္းေဖာင္ေဒးရွင္းက ေျပာပါတယ္။

Soundbite  ေဒါက္တာ ေဒၚရီရီစိန္ (ေဆးခန္းမန္ေနဂ်ာ) ျမန္မာနိုင္ငံအသည္းေဖာင္ေဒးရွင္း

ဒါ့အျပင္ HIV ေရာဂါနဲ႔ ပတ္သက္ၿပီး မျဖစ္မီက ႀကိဳတင္ကာကြယ္ၾကဖို႔နဲ႔ ေရာဂါ ျဖစ္ပြားပါကလည္း ART ေဆးပုံမွန္ေသာက္သုံးၾကဖို႔ အသိပညာေပး ေျပျပာၾကားခဲ႔ၿပီး ေဟာေျပာပြဲ တက္ေရာက္လာသူေတြကို ျမန္မာႏိုင္ငံအသည္းေဖာင္ေဒးရွင္းက အသည္းေရာင္အသားဝါေရာဂါ ရွိ မရွိ အခမဲ႔ စစ္ေဆးေပးခဲ႔တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

အသည်းရောင် အသားဝါရောဂါနဲ့ HIV ရောဂါအကြောင်း မုံရွာမြို့မှာ အသိပေညာပေး ဟောပြော
အသည်းရောင်အသားဝါရောဂါနဲ့ HIV ရောဂါ အကြောင်းကို မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်းက မုံရွာမြို့မှာ အသိပညာပေးဟောပြောခဲ့ ပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။
အသည်းရောင်အသားဝါရောဂါ A ကနေ E အထိ အဆင့် ၅ မျိုးရှိပြီး အသည်းရောင်အသားဝါ A ၊ B နဲ့ E မှာတော့ ကာကွယ်ဆေးရှိတာ ဖြစ်ပါတယ်။
ဒါပေမယ့် အသည်းရောင်အသားဝါ C နဲ့ D မှာတော့ ဒီကနေ့အချိန်အထိ ကာကွယ်ဆေးမရှိဘူးလို့ မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်းက ပြောပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့က မုံရွာမြို့မှာ အသည်းရောင်အသားဝါရောဂါနဲ့ HIV ရောဂါ အကြောင်း အသိပညာပေး ဟောပြောခဲ့တာပါ။
Soundbite ဒေါက်တာ ဒေါ်ခင်ပြုံးကြည် (ဥက္ကဋ္ဌ) မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်း
အသည်းရောင်အသားဝါရောဂါ ၅ မျိုးလုံးဟာ ရောဂါလက္ခဏာတွေ တူညီကြပြီး ပျို့အန်တာ၊ မောပန်းတာ၊ အစားသောက်ပျက်တာ၊ ဗိုက်နာတာ စတဲ့ ရောဂါလက္ခဏာတွေ ကနဦးပေါ်ပေါက်တယ်လို့လည်း ပြောပါတယ်။
အသည်းရောင်အသားဝါရောဂါ C ပိုးက ရောဂါဖြစ်စအချိန်မှာ ကုသလို့ရပေမယ့် ရောဂါအဆင့်လွန်ရင်တော့ အသည်းပျက်စီးစေပြီး ကင်ဆာအဆင့်ကို ရောက်ရှိနိုင်တာကြောင့် အချိန်မီ ကုသကြဖို့ မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်းက ပြောပါတယ်။
Soundbite ဒေါက်တာ ဒေါ်ရီရီစိန် (ဆေးခန်းမန်နေဂျာ) မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်း

ဒါ့အပြင် HIV ရောဂါနဲ့ ပတ်သက်ပြီး မဖြစ်မီက ကြိုတင်ကာကွယ်ကြဖို့နဲ့ ရောဂါ ဖြစ်ပွားပါကလည်း ART ဆေးပုံမှန်သောက်သုံးကြဖို့ အသိပညာပေး ပြေပြာကြားခဲ့ပြီး ဟောပြောပွဲ တက်ရောက်လာသူတွေကို မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်းက အသည်းရောင်အသားဝါရောဂါ ရှိ မရှိ အခမဲ့ စစ်ဆေးပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။