အလုပ်ရှင်-အလုပ်သမားအငြင်းပွားမှုမှာ အလုပ်ရှင်တွေကို ဥပဒေအတိုင်းအရေးယူမှုအားနည်း

0
42





သရပါဟိုတယ် 






အလုပ်ရှင်-အလုပ်သမားအငြင်းပွားမှုတွေမှာ အလုပ်ရှင်တွေကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်မှုအားနည်းနေတယ်လို့ သရပါဟိုတယ် အလုပ်သမားတွေကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဖြိုးမင်းပိုင်က ပေးပို့ထားပါတယ်။

၂၀၁၈ခုနှစ်ကုန်ပိုင်းကစပြီး အလုပ်ရှင်-အလုပ်သမားအငြင်းပွားမှုတွေဖြစ်ပေါ်နေတဲ့ ပုဂံဟိုတယ်ဇုန် အတွင်းက သရပါဟိုတယ်အလုပ်သမားတွေဟာ လက်ရှိအချိန်အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ ဒီလို ဖြေရှင်းမှုမရရှိခြင်းဟာ အလုပ်ရှင်တွေကို သတ်မှတ်ဥပဒေအတိုင်း အရေးယူမှု အားနည်းနေ တာကြောင့် ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

သြဂုတ်လ၊ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ Myanmar Freedom Press မှာ ပုဂံ-သရပါဟိုတယ်က အလုပ်သမားတွေ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

Sound Bite: ကိုနေမျိုးဝင်း (အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ)
သရပါဟိုတယ်

အလုပ်ဖြုတ်ခံထားရတဲ့ အလုပ်သမား ၁၂ဦးအနက် အလုပ်သမား ၉ဦး က အလုပ်ပြန်လည်မရရှိသေးတာကြောင့် အလုပ်ရှင်တွေ အနေနဲ့ ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပြီး အလုပ်ပြန်လည်ခန့်အပ်ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒီလိုဖြေရှင်းမှုမရရှိတဲ့အပေါ် အစိုးရက ဥပဒေတွေနဲ့အညီ ပြတ်ပြတ်သားသား ဆုံးဖြတ်အရေးယူမှုတွေ ဆောင်ရွက်စေချင်တယ်လို့ ပုဂံညောင်ဦးမြို့နယ် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Sound Bite: ကိုလျှံဝေအောင် (အဖွဲ့ဝင်)
ပုဂံညောင်ဦးမြို့နယ် ဟိုတယ်ချစ်သူအလုပ်သမားအဖွဲ့အစည်း

လက်ရှိမှာ သရပါဟိုတယ်အနေနဲ့ ခရီးသွားဧည့်သည်ဝင်ရောက်မှု ကျဆင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၁၈ခုနှစ်၊ သြဂုတ်လက အလုပ်သမားတွေကို အလုပ်ထုတ်ခဲ့တာ ဖြစ်တဲ့အတွက် အလုပ်သမားတွေက အလုပ်ပြန်လည်ရရှိတဲ့အထိ တောင်းဆိုမှုတွေ ဆက်လက်တောင်းဆိုသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။