အလုပ်ရှင်တွေအနနဲ့ လူငယ်တွေအသုံးပြုတဲ့ နည်းပညာတွေကို နားလည်အသုံးပြုဖို့လို

0
29










အလုပ်ရှင်တွေအနေနဲ့ လူငယ်တွေ အသုံးပြုတဲ့နည်းပညာတွေကို နားလည်အသုံးပြုနိုင်မှ လုပ်ငန်းခွင်အတွင်း အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်တယ်လို့ American Hospitality Institute of Myanmar ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

နည်းပညာခေတ်ကို ရောက်နေပြီဖြစ်တာကြောင့် ဒီကနေ့ လူငယ်တွေအနေနဲ့ ခေတ်မီနည်းပညာတွေကို လေ့လာလိုက်စားနေကြပြီး လုပ်ငန်းခွင်တွေမှာပါ နည်းပညာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာကြောင့် နည်းပညာအသုံးပြုပြီး လုပ်ငန်းခွင်ထဲက အခက်အခဲတွေကို အဖြေရှာသင့်တယ်လို့ American Hospitality Institute of Myanmar ကပြောပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့က Melia Hotel မှာ Justlogin ရဲ့ ကမ္ဘာ့အဆင့်မီ စီမံခန့်ခွဲမှုတွေကို အလိုအလျောက်ပြုလုပ်နိုင်တဲ့ ဝန်ဆောင်မှုစနစ်ကို မိတ်ဆက်ခဲ့တာပါ။

Soundbite – ဦးသီဟအလံတင် (Principal & CEO)
American Hospitality Institute of Myanmar

ဒါ့အပြင် လုပ်ငန်းခွင်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အလုပ်သမားအများစုက အသက် ၂၂ နှစ်နဲ့ ၃၇ နှစ်ကြားမှာရှိကြတာကြောင့် တိုးတက်လိုစိတ်အပြည့်ရှိနေပြီး နည်းပညာအသစ်တွေကို စိတ်ဝင်တစား အသုံးပြုနေကြတာဖြစ်တယ်လို့လည်းပြောပါတယ်။

Soundbite – ဦးသီဟအလံတင် (Principal & CEO)
American Hospitality Institute of Myanmar

ဒါကြောင့် လူငယ်အလုပ်သမားတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အလုပ်ရှင်တွေအနေနဲ့နည်းပညာအသစ်အဆန်း အသုံးပြုပုံတွေကို အချိန်နဲ့တပြေးညီ လေ့လာသင်ယူသင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်ခင်ဗျာ။