အလုပ္႐ွင္နဲ႔ အလုပ္သမားၾကား အျငင္းပြားမႈ ေျဖ႐ွင္းဖို႔ အခက္အခဲေတြ ႐ွိေနေသး

0
54

အလုပ္ရွင္ေတြရဲ႕ အက်ဳိးစီးပြားနဲ႔ အလုပ္သမားေတြရဲ႕ ရပုိင္ခြင္႔ ေတာင္းဆုိမႈေတြေၾကာင္႔ ေျဖရွင္းဖုိ႔ အခက္အခဲေတြရွိေနေသးတယ္လုိ အလုပ္သမား၀န္ၾကီးက ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးကေပးပုိ႔ထားပါတယ္။

အလုပ္ရွင္၊ အလုပ္သမားၾကား အျငင္းပြားမႈျဖစ္တဲ႔အခါ စက္ရုံအတြင္းေျဖရွင္းေပးတာေတြ၊ ၿမဳိ႕နယ္ညွိႏႈိင္းျဖန္ေျဖအဖြဲ႔၊ ခံုသမာဓိအဖ႔ြဲ၊ ခုံသမာဓိေကာင္စီအဖြဲ စတဲ႔ လုပ္ငန္းစဥ္ အဆင္႔ေလးဆင္႕နဲ႔ ေျဖရွင္းေနရတာ ျဖစ္ပါတယ္။ 

အလုပ္သမားေတြရဲ႕ ေတာင္းဆုိမႈေတြဟာ သူတို႔ရဲ႕ ရပုိင္ခြင္႔ျဖစ္တဲ႔ ဥပေဒေရးရာနဲ႔ အက်ဳိးစီးပြား ျပႆနာေတြသာ ရွိၿပီး ဥပေဒေက်ာ္လြန္တာေတြ ရွိေနသလုိ အလုပ္ရွင္ဘက္ကလည္း ဥပေဒအရ ေပးသင္႔တာေတြကို မေပးတာေတြရွိေနတယ္လုိ႔ ျပည္ေထာင္စု၀န္ႀကီး ဦးသိန္းေဆြကေျပာပါတယ္။

Soundbite ဦးသိန္းေဆြ (ျပည္ေထာင္စု၀န္ႀကီး)

အလုပ္သမား လူ၀င္မႈႀကီးၾကပ္ေရး နဲ႔ ျပည္သူ႔အင္အား၀န္ႀကီးဌာန

အလုပ္ရွင္ အလုပ္သမားၾကား အျငင္းပြားမႈေတြကုိ ေျဖရွင္းရာမွာ၊ ၿမဳိ႕နယ္ညွိႏႈိင္းျဖန္ေျဖအဖြဲ႔၊ ခံုသမာဓိအဖ႔ြဲ၊ ခုံသမာဓိေကာင္စီအဖြဲ႔ေတြက အစုိးရ၊ အလုပ္ရွင္၊ အလုပ္သမားသုံးပြင္႔ဆုိင္ ေျဖရွင္းမႈေတြမွာ ကုိယ္စားလွယ္ေတြထားရွိဖုိ႔အတြက္ ေရွ႕ေနခ်ဳပ္ရုံးကုိတင္ျပထားၿပီးလည္းျဖစ္ပါတယ္။

အဲဒီ အျငင္းပြားမႈေတြကုိ ေျဖရွင္းဖုိ႔အတြက္ ေရြးခ်ယ္ခံရတဲ႔ ကုိယ္စားလွယ္ေတြက အလုပ္ရွင္ အလုပ္သမားစိတ္ေတြ မေမြးၾကဘဲ  ျဖစ္လာတဲ႔ျပႆနာေပၚမွာ မ်ွတတဲ႔စိတ္နဲ႔ ေဖာ္ထုတ္သြားရမွာျဖစ္တယ္လုိ႔ အၿမဲတမ္းအတြင္း၀န္ ဦးမ်ဳိးေအာင္ ကေျပာပါတယ္။

Soundbite   ဦးမ်ဳိးေအာင္  (အၿမဲတမ္းအတြင္း၀န္)

အလုပ္သမား လူ၀င္မႈႀကီးၾကပ္ေရး နဲ႔ ျပည္သူ႔အင္အား၀န္ႀကီးဌာန

လက္ရွိ အလုပ္ရွင္၊ အလုပ္သမား အျငင္းပြားမႈဟာ အလုပ္သမားေတြအေနနဲ႕ စက္ရုံအတြင္း အလုပ္အမားအဖြဲ႔အစည္း ဖြဲ႔စည္းတာေတြေၾကာင္႔ အလုပ္ထုတ္ခံရတာေတြ၊ အလုပ္သမား၀န္ႀကီးဌာနက တရား၀င္သတ္မွတ္ထားတဲ႔ အနည္းဆုံးလုပ္ခလစာ မရရွိတာေတြ၊ ILO ကျပ႒ာန္းထားတဲ႔ အလုပ္သမား အခြင္႔အေရး ခ်ဳိးေဖာက္ခံရတာေတြဟာ အမ်ားဆုံးျဖစ္ေပၚေနတာျဖစ္တယ္လုိ႔ အလုပ္သမားအဖြဲ႔အစည္းေတြ က ေျပာပါတယ္ရွင္။

အလုပ်ရှင်တွေရဲ့ အကျိုးစီးပွားနဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့် တောင်းဆိုမှုတွေကြောင့် ဖြေရှင်းဖို့ အခက်အခဲတွေရှိနေသေးတယ်လို အလုပ်သမားဝန်ကြီးက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးကပေးပို့ထားပါတယ်။

အလုပ်ရှင်၊ အလုပ်သမားကြား အငြင်းပွားမှုဖြစ်တဲ့အခါ စက်ရုံအတွင်းဖြေရှင်းပေးတာတွေ၊ မြို့နယ်ညှိနှိုင်းဖြန်ဖြေအဖွဲ့၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီအဖွဲ စတဲ့ လုပ်ငန်းစဉ် အဆင့်လေးဆင့်နဲ့ ဖြေရှင်းနေရတာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေဟာ သူတို့ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ဥပဒေရေးရာနဲ့ အကျိုးစီးပွား ပြဿနာတွေသာ ရှိပြီး ဥပဒေကျော်လွန်တာတွေ ရှိနေသလို အလုပ်ရှင်ဘက်ကလည်း ဥပဒေအရ ပေးသင့်တာတွေကို မပေးတာတွေရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။

Soundbite ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန

အလုပ်ရှင် အလုပ်သမားကြား အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ၊ မြို့နယ်ညှိနှိုင်းဖြန်ဖြေအဖွဲ့၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီအဖွဲ့တွေက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ဖြေရှင်းမှုတွေမှာ ကိုယ်စားလှယ်တွေထားရှိဖို့အတွက် ရှေ့နေချုပ်ရုံးကိုတင်ပြထားပြီးလည်းဖြစ်ပါတယ်။

အဲဒီ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေက အလုပ်ရှင် အလုပ်သမားစိတ်တွေ မမွေးကြဘဲ ဖြစ်လာတဲ့ပြဿနာပေါ်မှာ မျှတတဲ့စိတ်နဲ့ ဖော်ထုတ်သွားရမှာဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကပြောပါတယ်။

Soundbite ဦးမျိုးအောင် (အမြဲတမ်းအတွင်းဝန်)
အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန

လက်ရှိ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဟာ အလုပ်သမားတွေအနေနဲ့ စက်ရုံအတွင်း အလုပ်အမားအဖွဲ့အစည်း ဖွဲ့စည်းတာတွေကြောင့် အလုပ်ထုတ်ခံရတာတွေ၊ အလုပ်သမားဝန်ကြီးဌာနက တရားဝင်သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာ မရရှိတာတွေ၊ ILO ကပြဋ္ဌာန်းထားတဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေဟာ အများဆုံးဖြစ်ပေါ်နေတာဖြစ်တယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေ က ပြောပါတယ်ရှင်။