
0
23




အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်မှုက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးလာစေဖို့ အဓိကကျ


အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ခြင်းက နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အဓိကကျတဲ့ အခန်းကဏ္ဍတစ်ရပ် ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောပါတယ်။


သြဂုတ်လ ၁၅ ရက်နေ့ နေပြည်တော်ရှိ Park Royal Hotel စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နဲ့ ဂျာမန် ကော်ပိုရေးရှင်းတို့နဲ့ ပူးပေါင်းပြီး အလုပ်အကိုင် ဖန်တီးပေးနိုင်မှု ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCSCG) အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားမှာ ပြောခဲ့တာပါ။


မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ စိန်ခေါ်မှုများစွာကိုကြုံတွေ့ နေရပေမယ့် ဖွံ့ဖြိုးတိုးတက်ဖို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေလို့ မှတ်ယူပြီး နိုင်ငံတကာက ဖွံ့ဖြိုးမှု အကူအညီတွေ ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့အတူ ပေါင်းစပ်ကြိုးပမ်း ဆောင်ရွက်ပါက မိမိတို့ရဲ့ လုပ်ငန်းစဉ်တွေ အောင်မြင်လာမှာ ဖြစ်တယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။