အလုပ္သမား ႏွစ္ေသာင္းေက်ာ္ကို ကုမၸဏီေပါင္း ၆၀ ေက်ာ္က အလုပ္အကိုင္ အခြင့္အလမ္း ေပးမယ္

0
437

အလုပ္သမား ႏွစ္ေသာင္းေက်ာ္ကုိ ကုမၸဏီေပါင္း ၆၀ ေက်ာ္က အလုပ္အကုိင္ ျပပြဲကေနတဆင္႔ အလုပ္အကုိင္ အခြင္႔အလမ္း ေပးသြားမွာျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိး ကေပးပုိ႔ ထားပါတယ္။

အေျခခံအဆင့္ကေန စီမံခန္႔ခြဲမႈအဆင့္အထိပါဝင္တဲ႔ အလုပ္သမား၂ေသာင္းေက်ာ္ကုိ ကုမၸဏီေပါင္း ၆၀ေက်ာ္က အလုပ္အကိုင္ျပပြဲကေနတဆင္႔ အလုပ္အကုိင္ အခြင္႔အလမ္းေတြ ေပးသြားမွာျဖစ္တယ္လုိ႔ JobNet.com.mm ကေျပာပါတယ္။

မတ္လ၂၃ ရက္ေန႔က ရန္ကုန္ၿမဳိ႕ Novotel Hotel မွာ JobNet.com.mm က အလုပ္အကုိင္ျပပြဲ က်င္းပခဲ႔ တာပါ။

Soundbite ဦးထြန္းေအာင္ေက်ာ္ (Senior Business Development Manager)
JobNet.com.mm

အဲဒီ အလုပ္အကုိင္ျပပြဲမွာ အလုပ္ရွင္ေတြက အလုပ္သမားနဲ႔ တုိက္ရုိက္အင္တာဗ်ဴးေခၚယူတာ ျဖစ္တာေၾကာင္႔ အလုပ္႐ွင္ေတြဘက္က လိုအပ္တဲ႔အရည္အခ်င္း႐ွိသူေတြကို ေရြးခ်ယ္ႏိုင္သလို အလုပ္သမားေတြဘက္ကလည္း ႀကိဳက္ႏွစ္သက္ရာ အလုပ္အမ်ိဳးအစားေတြ ေရြးခ်ယ္ခြင့္ရ႐ွိမွာ ျဖစ္ပါတယ္။

Soundbite ဦးအာကာေဇာ္ (HR Manager)
Europe and Asia Commercial Co.,Ltd

JobNet.com.mm က ျပဳလုပ္တဲ႔ အလုပ္အကိုင္ျပပြဲမွာ ကုမၸဏီေပါင္း၆၅ခုရွိၿပီး အလုပ္အကိုင္အခြင့္ အလမ္းေပးႏိုင္မယ့္ ကုမၸဏီေတြအျပင္ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႔ၿဖိဳးတုိးတက္လာေအာင္သင္ၾကားေပးမယ္႔ သင္တန္းေက်ာင္းေတြလည္း ပါ၀င္တာျဖစ္ပါတယ္။

Soundbite မငု၀ါထြန္း (အလုပ္လာေလ်ာက္သူ)

JobNet.com.mm အေနနဲ႔ ၂၀၁၅ခုႏွစ္က စတင္ကာ အလုပ္အကုိင္ျပပြဲေတြကုိ ျပဳလုပ္ခဲ႔တာျဖစ္ၿပီး အခုႏွစ္အတြင္းမွာ မႏၱေလးၿမဳိ႕နဲ႔ စကၤာပူနုိ္င္ငံေတြမွာ အလုပ္အကိုင္ျပပြဲ က်င္းပသြားမွာ ျဖစ္ပါတယ္႐ွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်သမားနှစ်သောင်းကျော်ကို ကုမ္ပဏီပေါင်း ၆၀ ကျော်က အလုပ်အကိုင် အခွင့်အလမ်း ပေးမယ်

အလုပ်သမား နှစ်သောင်းကျော်ကို ကုမ္ပဏီပေါင်း ၆၀ ကျော်က အလုပ်အကိုင် ပြပွဲကနေတဆင့် အလုပ်အကိုင် အခွင့်အလမ်း ပေးသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုး ကပေးပို့ ထားပါတယ်။

အခြေခံအဆင့်ကနေ စီမံခန့်ခွဲမှုအဆင့်အထိပါဝင်တဲ့ အလုပ်သမား၂သောင်းကျော်ကို ကုမ္ပဏီပေါင်း ၆၀ကျော်က အလုပ်အကိုင်ပြပွဲကနေတဆင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးသွားမှာဖြစ်တယ်လို့ JobNet.com.mm ကပြောပါတယ်။

မတ်လ၂၃ ရက်နေ့က ရန်ကုန်မြို့ Novotel Hotel မှာ JobNet.com.mm က အလုပ်အကိုင်ပြပွဲ ကျင်းပခဲ့ တာပါ။

Soundbite ဦးထွန်းအောင်ကျော် (Senior Business Development Manager)
JobNet.com.mm

အဲဒီ အလုပ်အကိုင်ပြပွဲမှာ အလုပ်ရှင်တွေက အလုပ်သမားနဲ့ တိုက်ရိုက်အင်တာဗျူးခေါ်ယူတာ ဖြစ်တာကြောင့် အလုပ်ရှင်တွေဘက်က လိုအပ်တဲ့အရည်အချင်းရှိသူတွေကို ရွေးချယ်နိုင်သလို အလုပ်သမားတွေဘက်ကလည်း ကြိုက်နှစ်သက်ရာ အလုပ်အမျိုးအစားတွေ ရွေးချယ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

Soundbite ဦးအာကာဇော် (HR Manager)
Europe and Asia Commercial Co.,Ltd

JobNet.com.mm က ပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲမှာ ကုမ္ပဏီပေါင်း၆၅ခုရှိပြီး အလုပ်အကိုင်အခွင့် အလမ်းပေးနိုင်မယ့် ကုမ္ပဏီတွေအပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာအောင်သင်ကြားပေးမယ့် သင်တန်းကျောင်းတွေလည်း ပါဝင်တာဖြစ်ပါတယ်။

Soundbite မငုဝါထွန်း (အလုပ်လာလျောက်သူ)

JobNet.com.mm အနေနဲ့ ၂၀၁၅ခုနှစ်က စတင်ကာ အလုပ်အကိုင်ပြပွဲတွေကို ပြုလုပ်ခဲ့တာဖြစ်ပြီး အခုနှစ်အတွင်းမှာ မန္တလေးမြို့နဲ့ စင်္ကာပူနိ်ုင်ငံတွေမှာ အလုပ်အကိုင်ပြပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်ရှင်။