အလုပ်သမား အငြင်းပွားမှုတွေကို ဖြေရှင်းမပေးပါက ဥပဒေအရ အရေးယူခံရမယ်

0
39










အလုပ်သမားတွေရဲ့ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုနဲ့ အခွင့်အရေးဆိုင်ရာအငြင်း မှုတွေကို သက်ဆိုင်ရာအဖွဲ့ အစည်းတွေက ဖြေရှင်းမပေးပါက ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန်ကပြောပါတယ်။ ဒီသတင်းကိုMCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

ဇွန်လက အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒေ အရ လုပ်ငန်းခွင်အတွင်း အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုတွေဖြစ်ပေါ်လာပါက အလုပ်သမားတွေရဲ့အခွင့် အရေးဆိုင်ရာ အငြင်းပွားမှုတွေကိုသာ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဝင်ရောက်ဖြေရှင်းပေးသွားမှာဖြစ်သလို အကျိုးစီးပွား ဆိုင်ရာ အငြင်းပွား မှုဥပဒေ ကိုတော့မြိုနယ် ညှိနှိုင်းဖြန်ဖြေရေးနဲ့ ခုံသမာဓိကောင်စီ က ဖြေရှင်း သွား ရမှာဖြစ်ပါတယ်။

အဲဒီလို အလုပ်သမားတွေရဲ့ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားနဲ့ အခွင့်အရေးဆိုင်ရာအငြင်း မှုတွေကို သက်ဆိုင်ရာအဖွဲ့ အစည်းတွေက ဖြေရှင်းမပေးပါက အလုပ်သမားဥပဒေ အရ အရေးခံရမှာဖြစ်တယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နဲ့ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကပြောပါတယ်။

Soundbite ဦးမျိုးအောင်(အမြဲတမ်းအတွင်းဝန်)
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန

ဒါအပြင် အလုပ်သမားတွေ အနေနဲ့အလုပ်သမားဥပဒေကိုသေချာဖတ်ရှုရမှာဖြစ်သလို EC စာချုပ်မချုပ်ထား တဲ့အလုပ် သမားတွေအနေနဲ့ကတော့ အခွင့် အရေးဆိုင်ရာ အငြင်းပွားမှုတွေထဲမှာ ပါဝင်မှာမဟုတ်ဘူးလို့လည်း အမြဲတမ်းအတွင်းဝန်ကပြောပါတယ်။

Soundbite ဦးမျိုးအောင်(အမြဲတမ်းအတွင်းဝန်)
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန

အလုပ်သမားတွေအနေနဲ့သပိတ်မှောက်ခွင့်ကို အလုပ်သမားအဖွဲ့အစည်းဥပဒေ၊အလုပ်သမားအငြင်းပွားမှုဥပဒေ နဲ့ငြိမ်းစုစီဥပဒေအရ သုံးမျိုးပေးထားပြီး ခိုင်လုံတဲ့အကြောင်းပြချက်ရှိမှသာသပိတ်မှောက်ခွင့် ပေးသွား မှာဖြစ်သလို လုပ်ငန်းခွင်အတွင်း ညှိနှိုင်း လုပ်ဆောင်နိုင်အောင် လုပ်ငန်းညှိနှိုင်းရေးကော်မတီ ဖွဲ့စည်း သွားရမှာ ဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်ရှင်။