အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေကို အကြောင်းရှာပြီး အလုပ်ထုတ်နေ (ရုပ်/သံ)

0
637







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်သမားသမဂ္ဂမှာ ပါဝင်တဲ့ အလုပ်သမားခေါင်းဆောင်တွေကို အကြောင်းရှာပြီး အလုပ်ထုတ်တာ တွေရှိနေတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

အလုပ်သမားတွေဟာ လက်ရှိအချိန်ထိ အလုပ်သမားဥပဒေမှာပါရှိတဲ့ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝ မရရှိသေးတဲ့အပြင် အလုပ်သမားသမဂ္ဂခေါင်းဆောင်ပိုင်းတွေကို အကြောင်းရှာပြီး အလုပ်ထုတ်တာတွေရှိနေတာပါ။

Soundbites- ဦးဌေး (အကြံပေး) We Generation Network

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ထိန်းကျောင်းကြတ်မတ်ပေးဖို့လိုတယ်လို့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ က ခုလိုတိုက်တွန်းလိုက်ပါတယ်။

Soundbites-ဦးထွန်းထွန်းနိုင် (တွဲဖက်အထွေထွေအတွင်းရေးမှူ း)အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေးကော်မတီ

မြန်မာနိုင်ငံမှာ သမဂ္ဂပေါင်း၂၄၀ဝကျော်ရှိတဲ့အထဲက ၁၇၀ဝ ကျော်ဟာ လယ်သမားသမဂ္ဂတွေဖြစ်ပြီး အလုပ်သမားသမဂ္ဂဟာ ၇၄၀ လောက်သာ ရှိနေတာပါ။ ဒါ့ကြောင့် စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားကိုယ်စားလှယ်တွေကို အသိပေးခြင်းမရှိပဲ အပြစ်မရှိတဲ့ ဝန်ထမ်းတွေကို အလုပ်ထုတ်ပယ်တာတွေ၊ သမဂ္ဂ အဖွဲ့ဝင် ဖြစ်တာ မဖြစ်တာပေါ်မူတည်ပြီး ခွဲခြားဆက်ဆံတာတွေ ရာထူးတိုးပေးတာတွေ မပြုလုပ်ဖို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်ခင်ဗျာ။