အလုပ်သမားအခွင့်အရေးနဲ့ လူအခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေ အရင်ကထက် အနည်းငယ်တိုးတက်မှုတွေရှိလာ

0
234

ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဥပဒေချိုးဖောက်ခံရမှုတွေနဲ့အတူ အလုပ်သမားအခွင့်အရေးနဲ့ လူအခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေ အရင်ကထက် အနည်းငယ်တိုးတက်မှုတွေရှိလာတယ်လို့ ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ရက် MWRN က ပြောကြားလိုက် ပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအခွင့်အရေး ဖိုရမ် ILRF နဲ့ ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ရက် MWRN တို့ပူးပေါင်းပြီး မတ်လ ၇ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ အဲ့ဒီလိုဖော်ပြထားတာပါ။ အဲ့ဒီအစီရင်ခံစာထဲမှာတော့ အလုပ်သမားတွေကိုယ်စား MWRN က ကြားဝင်ဆောင်ရွက်ခဲ့တဲ့ ကိစ္စပေါင်း ၈ ခု ကိုအခြေခံပြီး အလုပ်သမားတွေရဲ့ အလုပ်နေရာတွေနဲ့ စက်ရုံအခြေအနေတွေ ပိုမိုကောင်းမွန်အောင် စေ့စပ်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။