အမႈိက္စို၊ အမႈိက္ေျခာက္ ခြဲျခားစြန္႔ပစ္တဲ့ အေလ့အလတစ္ခု ျဖစ္ေပၚလာဖို႔ အျပာေရာင္ အမႈိက္ပံုး ထားရွိ

0
37

ရန္ကုန္ၿမဳိ႕မွာ အမႈိက္စုိ၊ အမႈိက္ေျခာက္ ခြဲျခား စြန္႕ပစ္တဲ႔ အေလ႔အထတစ္ခု ျဖစ္ေပၚလာဖုိ႔ ဒို႔အိမ္ လူမႈအက်ဳိးျပဳလုပ္ငန္းအဖြဲ႔က ဒီဇင္ဘာလအထိ ေစာင္႔ၾကည္႔သြားမွာျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

ရန္ကုန္ၿမဳိ႕က အမႈိက္စုိ အမႈိက္ေျခာက္ေတြကုိခြဲျခား စြန္႕ပစ္ တဲ႔ အေလ႔အထ တစ္ခု ျဖစ္ေပၚလာဖုိ႔  ရန္ကုန္အေျခစုိက္ လူမႈအက်ဳိးျပဳလုပ္ငန္းအဖြဲ႔ (ဒုိ႔အိမ္)က ရန္ကုန္ၿမဳိ႔ေတာ္ စည္ပင္သာယာေရးေကာ္မတီနဲ႔ ပူးေပါင္းၿပီး အျပာေရာင္ အမိႈက္ပုံးေတြ စက္တင္ဘာလ ၂၂ ရက္ေန႔ မွာစတင္ ထားရွိသြားမွာျဖစ္ပါတယ္။

ေစာင့္ၾကည့္ကာလအျဖစ္ ရန္ကုန္ၿမဳိ႕လယ္က ၃၁လမ္း၊ ၃၂လမ္း ၃၅လမ္းနဲ႔ မဟာဗႏၶဳလပန္းၿခံလမ္းေတြမွာ အျပာေရာင္အမိႈက္ပုံးေတြကုိ ထားရွိသြားမွာျဖစ္ၿပီး အဲဒီ လမ္း ၄လမ္းမွာ ေနထိုင္သူေတြအေနနဲ႔ အမႈိက္စုိ အမိႈက္ေျခာက္ ခြဲျခားပစ္ မပစ္ကုိ ဒီဇင္ဘာလအထိ ေစာင့္ၾကည့္သြားမယ္လို႔ ေျပာပါတယ္။ 

Soundbite              ေဒၚမုိ႔မုိ႔ေနဝင္း (ျပည္သူ႔ဆက္ဆံေရး အရာရွိ)

               ရန္ကုန္အေျခစုိက္ လူမႈအက်ဳိးျပဳလုပ္ငန္းအဖြဲ႔ (ဒုိ႔အိမ္)

ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္က ရန္ကုန္ၿမဳိ႔ေတာ္ စည္ပင္သာယာေရးေကာ္မတီအေနနဲ႔ အမႈိက္စုိ အမႈိက္ေျခာက္စြန္႔ပစ္တဲ႔ စနစ္ကုိ စတင္ လုပ္ေဆာင္ခဲ႔ ေပမယ္႔ လက္ရွိအခ်ိန္အထိ ေအာင္ျမင္မႈ မရွိေသးတာလည္းျဖစ္ပါတယ္။

ရန္ကုန္ၿမဳိ႔က ျပည္သူေတြ အမႈိက္စုိနဲ႔ အမႈိက္ေျခာက္စြန္႔ပစ္တတ္တဲ႔အေလ႔အက်င္႔ တစ္ခုျဖစ္ေအာင္နဲ႔ အမႈိက္ ေတြထဲက ျပန္လည္ေရာင္းစားလုိရတဲ႔ အရာေတြကို သိရွိေအာင္ ဒုိ႔အိမ္နဲ႔ ဆက္လက္ပူးေပါင္း လုပ္ေဆာင္သြားမွာျဖစ္တယ္လုိ ရန္ကုန္ၿမဳိ႕ေတာ္စည္ ပင္သာယာေရး ေကာ္မတီ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင္႔ သန္႕ရွင္း ေရး ဌာန ညႊန္ၾကားေရးမွဴး ေဒါက္တာေအာင္ျမင္႔ေမာ္ကေျပာပါတယ္။

Soundbite    ေဒါက္တာေအာင္ျမင္႔ေမာ္ (ညႊန္ၾကားေရးမွဴး)

ရန္ကုန္ၿမဳိ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ (ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင္႔သန္႕ရွင္းေရးဌာန)

ရန္ကုန္အေျခစုိက္ လူမႈအက်ဳိးျပဳလုပ္ငန္းအဖြဲ႔ (ဒုိ႔အိမ္)က ရန္ကုန္ၿမဳိ႔တြင္းက ျပည္သူေတြအေနနဲ႔ အမႈိက္စုိနဲ႔ အမႈိက္ေျခာက္ စြန္႔ပစ္တတ္တဲ႔ အေလ႔ အက်င္႔ ျဖစ္ေပၚလာဖုိ႔ ၂၀၁၉ခုႏွစ္ မတ္လကစတင္ၿပီး စီမံကိန္းေရးဆြဲ လုပ္ေဆာင္ခဲ႔ေနတာလည္း ျဖစ္ပါတယ္ရွင္။

အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်တဲ့ အလေ့အလတစ်ခု ဖြစ်ပေါ်လာဖို့ အပြာရောင် အမှိုက်ပုံး ထားရှိ


ရန်ကုန်မြို့မှာ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်တဲ့ အလေ့အထတစ်ခု ဖြစ်ပေါ်လာဖို့ ဒို့အိမ် လူမှုအကျိုးပြုလုပ်ငန်းအဖွဲ့က ဒီဇင်ဘာလအထိ စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။


ရန်ကုန်မြို့က အမှိုက်စို အမှိုက်ခြောက်တွေကိုခွဲခြား စွန့်ပစ် တဲ့ အလေ့အထ တစ်ခု ဖြစ်ပေါ်လာဖို့ ရန်ကုန်အခြေစိုက် လူမှုအကျိုးပြုလုပ်ငန်းအဖွဲ့ (ဒို့အိမ်)က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီး အပြာရောင် အမှိုက်ပုံးတွေ စက်တင်ဘာလ ၂၂ ရက်နေ့ မှာစတင် ထားရှိသွားမှာဖြစ်ပါတယ်။


စောင့်ကြည့်ကာလအဖြစ် ရန်ကုန်မြို့လယ်က ၃၁လမ်း၊ ၃၂လမ်း ၃၅လမ်းနဲ့ မဟာဗန္ဓုလပန်းခြံလမ်းတွေမှာ အပြာရောင်အမှိုက်ပုံးတွေကို ထားရှိသွားမှာဖြစ်ပြီး အဲဒီ လမ်း ၄လမ်းမှာ နေထိုင်သူတွေအနေနဲ့ အမှိုက်စို အမှိုက်ခြောက် ခွဲခြားပစ် မပစ်ကို ဒီဇင်ဘာလအထိ စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။


Soundbite ဒေါ်မို့မို့နေဝင်း (ပြည်သူ့ဆက်ဆံရေး အရာရှိ)
ရန်ကုန်အခြေစိုက် လူမှုအကျိုးပြုလုပ်ငန်းအဖွဲ့ (ဒို့အိမ်)


ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ အမှိုက်စို အမှိုက်ခြောက်စွန့်ပစ်တဲ့ စနစ်ကို စတင် လုပ်ဆောင်ခဲ့ ပေမယ့် လက်ရှိအချိန်အထိ အောင်မြင်မှု မရှိသေးတာလည်းဖြစ်ပါတယ်။
ရန်ကုန်မြို့က ပြည်သူတွေ အမှိုက်စိုနဲ့ အမှိုက်ခြောက်စွန့်ပစ်တတ်တဲ့အလေ့အကျင့် တစ်ခုဖြစ်အောင်နဲ့ အမှိုက် တွေထဲက ပြန်လည်ရောင်းစားလိုရတဲ့ အရာတွေကို သိရှိအောင် ဒို့အိမ်နဲ့ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်မော်ကပြောပါတယ်။


Soundbite ဒေါက်တာအောင်မြင့်မော် (ညွှန်ကြားရေးမှူး)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန)


ရန်ကုန်အခြေစိုက် လူမှုအကျိုးပြုလုပ်ငန်းအဖွဲ့ (ဒို့အိမ်)က ရန်ကုန်မြို့တွင်းက ပြည်သူတွေအနေနဲ့ အမှိုက်စိုနဲ့ အမှိုက်ခြောက် စွန့်ပစ်တတ်တဲ့ အလေ့ အကျင့် ဖြစ်ပေါ်လာဖို့ ၂၀၁၉ခုနှစ် မတ်လကစတင်ပြီး စီမံကိန်းရေးဆွဲ လုပ်ဆောင်ခဲ့နေတာလည်း ဖြစ်ပါတယ်ရှင်။