အမႈိက္စနစ္တက် စြန္႔ပစ္မႈေတြကို ေက်ာင္းပညာေရးစနစ္နဲ႔ တြဲဖက္ၿပီး လုပ္ေစခ်င္

0
60

အမႈိက္ကုိ စနစ္တက် စြန္႔ပစ္မႈေတြမွာ ေက်ာင္းေတြကပညာေရး စနစ္နဲ႔တြဲဖက္ၿပီး လူငယ္ေတြကုိ အသိပညာေပးတာေတြ လုပ္ေစခ်င္တယ္လုိ သ႐ုပ္ေဆာင္ ေအးျမတ္သူက ေျပာပါတယ္။ဒီသတင္းကုိMCN သတင္းေထာက္သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

ရန္ကုန္ၿမဳိ႔တြင္းရွိ လူဦးေရ ငါးသန္းေက်ာ္မွာေန႔စဥ္အမႈိက္ တန္ခ်ိန္ ၂၅၀၀ခန္႔ထြက္ရွိေနၿပီး လူတစ္ဦးခ်င္းစီ က အမႈိက္စြန္႕ပစ္မႈမွာေတာ႔ ပ်မ္းမ်ွ ၀.၄၁၃ ကီလုိဂရမ္ ထြက္ရွိေနတယ္လုိ ရန္ကုန္အေျခစုိက္ လူမႈအက်ဳိးျပဳ လုပ္ငန္းအဖြဲ႔ ျဖစ္တဲ႔ (ဒုိ႔အိမ္) ရဲ႕ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

အမႈိက္ကုိ စနစ္တက် စြန္႔ပစ္မႈေတြမွာ အမႈိက္စုိ၊ အမႈိက္ေျခာက္ခြဲျခားမႈစနစ္နဲ႔ ေဘးထြက္ ဆုိးက်ဳိး ရွိတာေတြကုိ သိရွိေစဖို႔ ေက်ာင္းေတြက ပညာေရးစနစ္နဲ႔ တြဲဖက္ၿပီး အသိပညာေပးတာေတြ လုပ္ေစခ်င္တယ္လုိ႔ သရုပ္ေဆာင္ အကယ္ဒမီ ေအးျမတ္သူက ေျပာပါတယ္။

စက္တင္ဘာလ ၁၄ ရက္ေန႔က ရန္ကုန္ၿမဳိ႕ပန္သူရိယ(အႏုပညာဆုံမွတ္)မွာ ဒို႔အိမ္ ရန္ကုန္အေျခစုိက္ လူမႈအက်ဳိးျပဳအဖြဲ႔က ဦးေဆာင္ၿပီး စြန္႔ပစ္အမႈိက္ စိန္ေခၚမႈျပႆနာေတြ ဘယ္လို အေကာင္းဆုံး နည္းလမ္း အသုံးျပဳ ေလွ်ာ႔ခ်သြားမလဲဆိုတဲ့ ေဆြးေႏြးပြဲ ျပဳလုပ္ခဲ႔တာပါ။

Soundbite သရုပ္ေဆာင္ အကယ္ဒမီ ေအးျမတ္သူ

အမႈိက္စြန္႕ပစ္မႈေတြနဲ႔ ပတ္သက္ၿပီး  ကေလးအရြယ္ကေန စၿပီး ျပဳစုပ်ဳိးေထာင္ေပးသင္႔သလုိ အိမ္ရွင္မေတြအေနနဲ႔လည္း အမႈိက္ခြဲျခားပစ္တတ္လာဖို႔ အသိပညာေပးတဲ႔နည္းလမ္းေတြ လုပ္ေဆာင္ ေပးသင္႔တယ္လုိ႔ ေျပာပါတယ္။ 

Soundbite သရုပ္ေဆာင္ အကယ္ဒမီ ေအးျမတ္သူ

အဲဒီေဆြးေႏြးပြဲကို စြန္႔ပစ္ပစၥည္းလုပ္ငန္းနယ္ပယ္က အရပ္ဖက္အဖြဲ႔အစည္းေတြ စီးပြားေရးနယ္ပယ္က လုပ္ငန္းရွင္ေတြနဲ႔ သရုပ္ေဆာင္ အကယ္ဒမီ ေအးျမတ္သူတုိ႕က ပါဝင္ ေဆြးေႏြးခဲ႔ၾကပါတယ္ရွင္။

အမှိုက်စနစ်တကျ စွန့်ပစ်မှုတွေကို ကျောင်းပညာရေးစနစ်နဲ့ တွဲဖက်ပြီး လုပ်စေချင်


အမှိုက်ကို စနစ်တကျ စွန့်ပစ်မှုတွေမှာ ကျောင်းတွေကပညာရေး စနစ်နဲ့တွဲဖက်ပြီး လူငယ်တွေကို အသိပညာပေးတာတွေ လုပ်စေချင်တယ်လို သရုပ်ဆောင် အေးမြတ်သူက ပြောပါတယ်။ဒီသတင်းကိုMCN သတင်းထောက်သန္တာမိုးက ပေးပို့ထားပါတယ်။


ရန်ကုန်မြို့တွင်းရှိ လူဦးရေ ငါးသန်းကျော်မှာနေ့စဉ်အမှိုက် တန်ချိန် ၂၅၀ဝခန့်ထွက်ရှိနေပြီး လူတစ်ဦးချင်းစီ က အမှိုက်စွန့်ပစ်မှုမှာတော့ ပျမ်းမျှ ဝ.၄၁၃ ကီလိုဂရမ် ထွက်ရှိနေတယ်လို ရန်ကုန်အခြေစိုက် လူမှုအကျိုးပြု လုပ်ငန်းအဖွဲ့ ဖြစ်တဲ့ (ဒို့အိမ်) ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


အမှိုက်ကို စနစ်တကျ စွန့်ပစ်မှုတွေမှာ အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြားမှုစနစ်နဲ့ ဘေးထွက် ဆိုးကျိုး ရှိတာတွေကို သိရှိစေဖို့ ကျောင်းတွေက ပညာရေးစနစ်နဲ့ တွဲဖက်ပြီး အသိပညာပေးတာတွေ လုပ်စေချင်တယ်လို့ သရုပ်ဆောင် အကယ်ဒမီ အေးမြတ်သူက ပြောပါတယ်။


စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ပန်သူရိယ(အနုပညာဆုံမှတ်)မှာ ဒို့အိမ် ရန်ကုန်အခြေစိုက် လူမှုအကျိုးပြုအဖွဲ့က ဦးဆောင်ပြီး စွန့်ပစ်အမှိုက် စိန်ခေါ်မှုပြဿနာတွေ ဘယ်လို အကောင်းဆုံး နည်းလမ်း အသုံးပြု လျှော့ချသွားမလဲဆိုတဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။


Soundbite သရုပ်ဆောင် အကယ်ဒမီ အေးမြတ်သူ


အမှိုက်စွန့်ပစ်မှုတွေနဲ့ ပတ်သက်ပြီး ကလေးအရွယ်ကနေ စပြီး ပြုစုပျိုးထောင်ပေးသင့်သလို အိမ်ရှင်မတွေအနေနဲ့လည်း အမှိုက်ခွဲခြားပစ်တတ်လာဖို့ အသိပညာပေးတဲ့နည်းလမ်းတွေ လုပ်ဆောင် ပေးသင့်တယ်လို့ ပြောပါတယ်။


Soundbite သရုပ်ဆောင် အကယ်ဒမီ အေးမြတ်သူ


အဲဒီဆွေးနွေးပွဲကို စွန့်ပစ်ပစ္စည်းလုပ်ငန်းနယ်ပယ်က အရပ်ဖက်အဖွဲ့အစည်းတွေ စီးပွားရေးနယ်ပယ်က လုပ်ငန်းရှင်တွေနဲ့ သရုပ်ဆောင် အကယ်ဒမီ အေးမြတ်သူတို့က ပါဝင် ဆွေးနွေးခဲ့ကြပါတယ်ရှင်။