အမ်ိဳးသားအဆင့္ လူငယ္ေရးရာမဟာဗ်ဴဟာကို မတ္လေနာက္ဆံုးပတ္ထဲမွာ အတည္ျပဳမယ္

0
417

အမ်ဳိးသားအဆင့္ လူငယ္ေရးရာမဟာဗ်ဴဟာကို မတ္လေနာက္ဆံုးပတ္ထဲမွာ အတည္ျပဳသြားမွာ ျဖစ္တယ္လို႔ ျပည္ေထာင္စု၀န္ႀကီးေဒါက္တာ ၀င္းျမတ္ေအးက ေျပာၾကားလိုက္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးကေပးပို႔ ထားပါတယ္။

အမ်ဳိးသားအဆင့္ လူငယ္ေရးရာမဟာဗ်ဴဟာ ကို တိုင္းနဲ႔ျပည္ နယ္အသီးသီးက လူငယ္ေရးရာေကာ္မတီ၀င္ေတြနဲ႔ ေတြ႔ဆံုမႈေတြ ျပဳလုပ္ခဲ့ၿပီးတာေၾကာင့္ မတ္လ ေနာက္ဆံုးအပတ္မွာ အၿပီးသတ္ေဆြးေႏြးအတည္ျပဳသြားမွာျဖစ္တယ္လို႔ လူမႈ၀န္ထမ္းကယ္ဆယ္ေရး နဲ႔ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာနက ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးက ေျပာၾကားလိုက္တာပါ။

ရန္ကုန္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရံုးမွာ မတ္လ ၂၃ ရက္ေန႔က ျပဳလုပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လူငယ္ေတြနဲ႔ ေတြ႔ဆံုပြဲမွာ ၀န္ႀကီးကေျပာၾကားခဲ့တာပါ။

Soundbite ; ေဒါက္တာ၀င္းျမတ္ေအး(ျပည္ေထာင္စု၀န္ႀကီး)
လူမႈ၀န္ထမ္းကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာန

အမ်ဳိးသားအဆင့္လူငယ္ေရးရာမဟာဗ်ဴဟာအတည္ျပဳၿပီးတာနဲ႔ လူငယ္ေရးရာမူ၀ါဒ ထဲမွာပါရွိတဲ့ အခ်က္ ၁၆ ခ်က္ ထဲက ဦးစားေပးအေနနဲ႔ အခ်က္ ငါး ခ်က္ကို ဧၿပီလထဲမွာ စတင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

Soundbite ;ဦးၿဖိဳးမင္းသိန္း(ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္)

လူငယ့္ေရးရာ မဟာဗ်ဴဟာ အတည္ျပဳၿပီးပါက ဦးစားေပးအေနနဲ႔ လူငယ္နဲ႔ အလုပ္အကိုင္အခြင့္အလမ္း၊ လူငယ္နဲ႔ျငိမ္းခ်မ္းေရး၊ လူငယ္နဲ႕မူးယစ္ေဆး၀ါး ျပသနာနဲ႔ လူငယ္နဲ႔ ပညာေရး စတဲ့ လုပ္ငန္းေတြကို ေဆာင္ရြက္သြားမွာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသားအဆင့် လူငယ်ရေးရာမဟာဗျူဟာကို မတ်လနောက်ဆုံးပတ်ထဲမှာ အတည်ပြုမယ်

အမျိုးသားအဆင့် လူငယ်ရေးရာမဟာဗျူဟာကို မတ်လနောက်ဆုံးပတ်ထဲမှာ အတည်ပြုသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ ထားပါတယ်။

အမျိုးသားအဆင့် လူငယ်ရေးရာမဟာဗျူဟာ ကို တိုင်းနဲ့ပြည် နယ်အသီးသီးက လူငယ်ရေးရာကော်မတီဝင်တွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီးတာကြောင့် မတ်လ နောက်ဆုံးအပတ်မှာ အပြီးသတ်ဆွေးနွေးအတည်ပြုသွားမှာဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်တာပါ။

ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ မတ်လ ၂၃ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးကပြောကြားခဲ့တာပါ။

Soundbite ; ဒေါက်တာဝင်းမြတ်အေး(ပြည်ထောင်စုဝန်ကြီး)
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

အမျိုးသားအဆင့်လူငယ်ရေးရာမဟာဗျူဟာအတည်ပြုပြီးတာနဲ့ လူငယ်ရေးရာမူဝါဒ ထဲမှာပါရှိတဲ့ အချက် ၁၆ ချက် ထဲက ဦးစားပေးအနေနဲ့ အချက် ငါး ချက်ကို ဧပြီလထဲမှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Soundbite ;ဦးဖြိုးမင်းသိန်း(ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်)

လူငယ့်ရေးရာ မဟာဗျူဟာ အတည်ပြုပြီးပါက ဦးစားပေးအနေနဲ့ လူငယ်နဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နဲ့ငြိမ်းချမ်းရေး၊ လူငယ်နဲ့မူးယစ်ဆေးဝါး ပြသနာနဲ့ လူငယ်နဲ့ ပညာရေး စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်