
0
58




အမုန်းတရား အစွဲပြုနေတာကြောင့် ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးတာလို့ တိုင်းဝန်ကြီးချုပ်ပြော


အမုန်းတရားကို အစွဲပြုနေတာကြောင့် ပြည်တွင်းငြိမ်းချမ်းရေး အခုထိ မရရှိသေးတာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောဆိုလိုက်ပါတယ်။


ဖြူးမြို့နယ် ပိန္နဲကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်တဲ့ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ တိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက အခုလို ပြောဆိုခဲ့တာပါ။


အရင်က လူတန်စားမျိုးစုံ၊ ဘာသာ/လူမျိုးပေါင်းစုံ ပူးပေါင်းပြီး လွတ်လပ်ရေးကို ရယူခဲ့ပေမယ့် အမုန်းတရားကို အစွဲပြုပြီး အတ္တကိုအခြေခံခဲ့တဲ့အတွက် အခုအချိန်ထိ လွတ်လပ်ရေး ရရှိခဲ့ပေမယ့်လည်း ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးဘူးလို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောဆိုခဲ့တာပါ။