အမရပူရ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းမွာ ေဒသခံေတြနဲ႔ ေျမယာအျငင္းပြားမႈ ျဖစ္ပြား (႐ုပ္/သံ)

0
176

အမရပူရ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းမွာ ေဒသခံေတြနဲ႔ ေျမယာအျငင္းပြားမႈ ျဖစ္ပြားခဲ႔ပါတယ္။ ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးက ေပးပို႔ထားပါတယ္။

မႏၲေလးၿမိဳ႕ အမရပူရဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းလုပ္ေဆာင္ေနတဲ႔ ဧရိယာအတြင္းမွာ ေဒသခံေတြရဲ႕ လယ္ယာေျမေတြ ပါဝင္တယ္ဆိုၿပီး ေဒသခံေတြ ဝင္ေရာက္စိုက္ပ်ဳိးဖို႔ ႀကိဳးစားခဲ႔တာျဖစ္ၿပီး ကုမၸဏီ တာဝန္ရွိသူ ေတြဘက္က တားဆီးခဲ့တာျဖစ္ပါတယ္။
အဲဒီအျငင္းပြားမႈျဖစ္ေနတဲ႔ ေျမေတြေပၚမွာ သဲေတြစုပ္ထုတ္ေနတဲ႔အတြက္ အခုလို ဝင္ေရာက္စိုက္ပ်ဳိးဖို႔ ႀကိဳးစား ခဲ႔တာျဖစ္ပါတယ္။

အင္တာဗ်ဴး ဦးစိုးတင့္ (ေဒသခံ

အမရပူရဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းကို ၂၀၁၅ ခုႏွစ္မွာ စတင္လုပ္ေဆာင္ခဲ႔တာျဖစ္ၿပီး ေျမယာေတြကို ကာလေပါက္ေစ်းအတိုင္း ဝယ္ယူေဆာင္ရြက္တာျဖစ္တယ္လို႔ ကုမၸဏီတာဝန္ရွိသူေတြက ေျပာပါတယ္။
အခု အျငင္းပြားမႈျဖစ္ပြားတဲ႔အေပၚမွာလည္း ေဒသခံေတြအေနနဲ႔ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးဌာနေတြကေန တဆင့္ အေထာက္အထားေတြ တင္ျပလာတဲ႔အခါ ညွိႏိႈင္းေျဖရွင္းသြားမွာျဖစ္တယ္လို႔ အမရပူရဖြံ႕ၿဖိဳးတိုး တက္ေရးစီမံကိန္းက ျပန္ၾကားေရးတာဝန္ခံ ဦးေဇာ္ရဲဝင္းက ေျပာပါတယ္။

အင္တာဗ်ဴး ဦးေဇာ္ရဲဝင္း( ျပန္ၾကားေရးတာဝန္ခံ)
အမရပူရၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း

ေဒသခံေတြအေနနဲ႔ အျငင္းပြားမႈကို မေျဖရွင္းႏိုင္ေသးတဲ႔ကာလအတြင္းမွာ အဲဒီေျမေတြအေပၚမွာ လုပ္ေဆာင္ ေနတဲ့လုပ္ငန္းေတြကို ရပ္ဆိုင္းေပးဖို႔ ဆႏၵရွိေနၾကတာလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမရပူရ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာ ဒေသခံတွေနဲ့ မြေယာအငြင်းပွားမှု ဖြစ်ပွား

အမရပူရ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာ ဒေသခံတွေနဲ့ မြေယာအငြင်းပွားမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။

မန္တလေးမြို့ အမရပူရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ဆောင်နေတဲ့ ဧရိယာအတွင်းမှာ ဒေသခံတွေရဲ့ လယ်ယာမြေတွေ ပါဝင်တယ်ဆိုပြီး ဒေသခံတွေ ဝင်ရောက်စိုက်ပျိုးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ကုမ္ပဏီ တာဝန်ရှိသူ တွေဘက်က တားဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီအငြင်းပွားမှုဖြစ်နေတဲ့ မြေတွေပေါ်မှာ သဲတွေစုပ်ထုတ်နေတဲ့အတွက် အခုလို ဝင်ရောက်စိုက်ပျိုးဖို့ ကြိုးစား ခဲ့တာဖြစ်ပါတယ်။

အင်တာဗျူး ဦးစိုးတင့် (ဒေသခံ

အမရပူရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ၂၀၁၅ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြေယာတွေကို ကာလပေါက်ဈေးအတိုင်း ဝယ်ယူဆောင်ရွက်တာဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။
အခု အငြင်းပွားမှုဖြစ်ပွားတဲ့အပေါ်မှာလည်း ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနတွေကနေ တဆင့် အထောက်အထားတွေ တင်ပြလာတဲ့အခါ ညှိနှိုင်းဖြေရှင်းသွားမှာဖြစ်တယ်လို့ အမရပူရဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းက ပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းက ပြောပါတယ်။

အင်တာဗျူး ဦးဇော်ရဲဝင်း( ပြန်ကြားရေးတာဝန်ခံ)
အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း

ဒေသခံတွေအနေနဲ့ အငြင်းပွားမှုကို မဖြေရှင်းနိုင်သေးတဲ့ကာလအတွင်းမှာ အဲဒီမြေတွေအပေါ်မှာ လုပ်ဆောင် နေတဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းပေးဖို့ ဆန္ဒရှိနေကြတာလည်း ဖြစ်ပါတယ်ခင်ဗျာ။