အဖမ္းခံထားရတဲ့ ထိုင္ဝမ္ အမ်ိဳးသား လူ႔အခြင့္အေရး ရေစဖို႔ ထိုင္ဝမ္က တ႐ုတ္ကို တိုက္တြန္း

0
35

တ႐ုတ္ႏိုင္ငံမွာ အဖမ္းခံထားရတဲ့ ထိုင္ဝမ္ အမ်ိဳးသား လံုၿခံဳမႈရွိဖို႔နဲ႔ လူ႔အခြင့္အေရး ရေစဖို႔ ထိုင္ဝမ္က တ႐ုတ္အစိုးရကို တိုက္တြန္းလိုက္ပါတယ္။

ထိုင္ဝမ္ အမ်ိဳးသား လီမင္ခ်ဳးဟာ ေဟာင္ေကာင္ကေနတစ္ဆင့္ တ႐ုတ္ႏိုင္ငံတြင္းကို သြားေရာက္ခဲ့ၿပီးေနာက္ ၾသဂုတ္လ ၂၀ ရက္ေန႔မွာ အဖမ္းခံရတာ ျဖစ္ပါတယ္။ မစၥတာ လီကို ဖမ္းဆီးထားေၾကာင္း ဒီေန႔ စက္တင္ဘာလ ၁၁ ရက္ေန႔မွာ တ႐ုတ္က ပထမဆံုး ဝန္ခံလိုက္ၿပီး ႏိုင္ငံ့လံုၿခံဳေရးကို အႏၱရာယ္ေပးႏိုင္ျခင္း ရွိ၊ မရွိစစ္ေဆးေနပါတယ္။ 

မစၥတာ လီဟာ ထိုင္ဝမ္ ေတာင္ပိုင္း၊ ပင္တြန္ စီရင္စုရွိ ဖန္ဂလီယိုၿမိဳ႕နယ္မွာ ေစတနာ့ဝန္ထမ္း အႀကံေပးသူ ျဖစ္ပါတယ္။ သူဟာ ၾသဂုတ္လ ၁၈ ရက္ေန႔မွာ ေဟာင္ေကာင္ကို တစ္ဦးတည္း အလည္အပတ္ သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။ ၾသဂုတ္လ ၂၀ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံ၊ ဂြမ္ေဒါင္းျပည္နယ္ကို ထြက္သြားၿပီးေနာက္ အဆက္အသြယ္ ျပတ္ေတာက္ခဲ့တာပါ။

အဖမ်းခံထားရတဲ့ ထိုင်ဝမ် အမျိုးသား လူ့အခွင့်အရေး ရစေဖို့ ထိုင်ဝမ်က တရုတ်ကို တိုက်တွန်း

တရုတ်နိုင်ငံမှာ အဖမ်းခံထားရတဲ့ ထိုင်ဝမ် အမျိုးသား လုံခြုံမှုရှိဖို့နဲ့ လူ့အခွင့်အရေး ရစေဖို့ ထိုင်ဝမ်က တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ထိုင်ဝမ် အမျိုးသား လီမင်ချုးဟာ ဟောင်ကောင်ကနေတစ်ဆင့် တရုတ်နိုင်ငံတွင်းကို သွားရောက်ခဲ့ပြီးနောက် သြဂုတ်လ ၂၀ ရက်နေ့မှာ အဖမ်းခံရတာ ဖြစ်ပါတယ်။ မစ္စတာ လီကို ဖမ်းဆီးထားကြောင်း ဒီနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ တရုတ်က ပထမဆုံး ဝန်ခံလိုက်ပြီး နိုင်ငံ့လုံခြုံရေးကို အန္တရာယ်ပေးနိုင်ခြင်း ရှိ၊ မရှိစစ်ဆေးနေပါတယ်။

မစ္စတာ လီဟာ ထိုင်ဝမ် တောင်ပိုင်း၊ ပင်တွန် စီရင်စုရှိ ဖန်ဂလီယိုမြို့နယ်မှာ စေတနာ့ဝန်ထမ်း အကြံပေးသူ ဖြစ်ပါတယ်။ သူဟာ သြဂုတ်လ ၁၈ ရက်နေ့မှာ ဟောင်ကောင်ကို တစ်ဦးတည်း အလည်အပတ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်ကို ထွက်သွားပြီးနောက် အဆက်အသွယ် ပြတ်တောက်ခဲ့တာပါ။