အန္ေကာဝပ္၊ဖႏြမ္းပင္နန္းေတာ္နဲ႔ ခမာတို႔တုိင္းျပည္ စာအုပ္မိတ္ဆက္ပြဲက်င္းပ

0
43

ကေမာၻဒီးယား သတင္းစာပညာသင္တန္း အမွတ္တရ အန္ေကာဝပ္၊ ဖႏြမ္းပင္နန္းေတာ္နဲ႔ ခမာတို႔တိုင္းျပည္ စာအုပ္မိတ္ဆက္နဲ႔ ေျမာက္ယမား စာအုပ္တိုက္မိတ္ဆက္ပြဲ ျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ၿဖိဳးမင္းပိုင္က ေပးပို႔ထားပါတယ္။

သတင္းစာပညာရပ္ကုိေလ့လာဖုိ႔ ကေမာၻဒီးယားႏုိင္ငံကို သြားေရာက္ခဲ့တဲ့ အေတြ႕အႀကံဳေတြအျပင္ ကေမာၻဒီးယားႏုိင္ငံအတြင္း ေလ့လာခဲ့ရတဲ့ သမိုင္း၊ ယဥ္ေက်းမႈ၊ ႏုိင္ငံေရး၊ လူမႈေရးဆိုင္ရာ အေတြ႕အႀကံဳေတြကို စာေရးဆရာ ေနထြတ္ ေရးသားထားတဲ့ အန္ေကာ၀ပ္၊ ဖႏြမ္းပင္နန္းေတာ္နဲ႔ ခမာတို႔တိုင္းျပည္ စာအုပ္မွာမိတ္ဆက္နဲ႔ ေျမာက္ယမားစာအုပ္တိုက္ မိတ္ဆက္တဲ့အခမ္းအနားကို ရန္ကုန္ၿမိဳ႕ Yangon Book Plaza မွာ ၾသဂုတ္လ ၁၇ ရက္ေန႔က ျပဳလုပ္ခဲ့တာပါ။

 Soundbite: စာေရးဆရာေနထြတ္

ကေမာၻဒီးယားႏုိင္ငံရဲ႕ သတင္းစာပညာရပ္နဲ႔ ႏုိင္ငံေရး အေျခအေနေတြကိုလည္း ေလ့လာခဲ့ရသလုိ ႏွစ္ႏုိင္ငံအၾကား အေျခအေနေတြအေၾကာင္းကို ေလ့လာခဲ့ရတဲ့အတြက္ သတင္းစာပညာရပ္ရဲ႕ အေတြ႕အႀကံဳေကာင္းေတြကုိ ဆည္းပူးခြင့္ရခဲ့တယ္လို႔ ကေမၻာဒီးယားႏိုင္ငံကို သတင္းစာသင္တန္း တက္ေရာက္ခဲ့တဲ့ သတင္းစာဆရာ တစ္ဦးက ေျပာပါတယ္ ။

  Soundbite: စည္သူေအာင္ျမင့္  (သတင္းစာဆရာ)

အန္ေကာ၀ပ္၊ ဖႏြမ္းပင္နန္းေတာ္ႏွင့္ ခမာတို႔တိုင္းျပည္ စာအုပ္မွာ ကေမၻာဒီးယားႏိုင္ငံကို သတင္းစာပညာ သြားေရာက္သင္ၾကားခဲ့ဖူးတဲ့ စာေရးဆရာေတြရဲ႕ အမွာစကားေတြနဲ႔ ဒုတိယအႀကိမ္ ျပန္လည္ျဖည့္စြက္မႈေတြနဲ႔အတူ ေျမာက္ယမားစာအုပ္တိုက္က ထုတ္ေဝျဖန္႔ခ်ိထားတာ ျဖစ္ပါတယ္ခင္ဗ်ာ။

ကမ္ဘောဒီးယား သတင်းစာပညာသင်တန်း အမှတ်တရ အန်ကောဝပ်၊ ဖနွမ်းပင်နန်းတော်နဲ့ ခမာတို့တိုင်းပြည် စာအုပ်မိတ်ဆက်နဲ့ မြောက်ယမား စာအုပ်တိုက်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဖြိုးမင်းပိုင်က ပေးပို့ထားပါတယ်။

သတင်းစာပညာရပ်ကိုလေ့လာဖို့ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံတွေအပြင် ကမ္ဘောဒီးယားနိုင်ငံအတွင်း လေ့လာခဲ့ရတဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ အတွေ့အကြုံတွေကို စာရေးဆရာ နေထွတ် ရေးသားထားတဲ့ အန်ကောဝပ်၊ ဖနွမ်းပင်နန်းတော်နဲ့ ခမာတို့တိုင်းပြည် စာအုပ်မှာမိတ်ဆက်နဲ့ မြောက်ယမားစာအုပ်တိုက် မိတ်ဆက်တဲ့အခမ်းအနားကို ရန်ကုန်မြို့ Yangon Book Plaza မှာ သြဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တာပါ။

Soundbite: စာရေးဆရာနေထွတ်

ကမ္ဘောဒီးယားနိုင်ငံရဲ့ သတင်းစာပညာရပ်နဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်း လေ့လာခဲ့ရသလို နှစ်နိုင်ငံအကြား အခြေအနေတွေအကြောင်းကို လေ့လာခဲ့ရတဲ့အတွက် သတင်းစာပညာရပ်ရဲ့ အတွေ့အကြုံကောင်းတွေကို ဆည်းပူးခွင့်ရခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံကို သတင်းစာသင်တန်း တက်ရောက်ခဲ့တဲ့ သတင်းစာဆရာ တစ်ဦးက ပြောပါတယ် ။

Soundbite: စည်သူအောင်မြင့် (သတင်းစာဆရာ)

အန်ကောဝပ်၊ ဖနွမ်းပင်နန်းတော်နှင့် ခမာတို့တိုင်းပြည် စာအုပ်မှာ ကမ္ဘောဒီးယားနိုင်ငံကို သတင်းစာပညာ သွားရောက်သင်ကြားခဲ့ဖူးတဲ့ စာရေးဆရာတွေရဲ့ အမှာစကားတွေနဲ့ ဒုတိယအကြိမ် ပြန်လည်ဖြည့်စွက်မှုတွေနဲ့အတူ မြောက်ယမားစာအုပ်တိုက်က ထုတ်ဝေဖြန့်ချိထားတာ ဖြစ်ပါတယ်ခင်ဗျာ။