အနည္းဆံုးလုပ္ခေၾကးေငြ ျပန္လည္ သံုးသပ္ႏုိင္ေရး ေဆြးေႏြးမႈေတြ စတင္လုပ္ေနၿပီ

0
43

အနည္းဆုံးလုပ္ခေၾကးေငြ   ျပန္လည္သုံးသပ္နိုင္ေရး တိုင္းနွင့္ျပည္နယ္ေကာ္မတီေတြမွာ ေဆြးေႏြးမႈေတြ စတင္လုပ္ေဆာင္ေနၿပီ ျဖစ္ပါတယ္။ ဒီသတင္းကုိ  MCN သတင္းေထာက္ အာကာထက္ က တင္ဆက္ေပးထားပါတယ္။

အနည္းဆုံးလုပ္ခသတ္မွတ္ခ်က္အရ  ၂နွစ္ႀကိမ္တစ္ႀကိမ္ျပန္လည္သုံးႏုိင္ဖုိ႔ အတြက္ အနည္းဆုံး အခေႀကး ေငြသတ္မွတ္ေရး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ေကာ္မတီေတြမွာ ေဆြးေႏြးမႈေတြ စတင္ေနၿပီျဖစ္ေၾကာင္း အလုပ္သမားလူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးမ်ဳိးေအာင္က ေျပာၾကားလိုက္ပါတယ္ ။

ၾသဂုတ္လ ၁၆ ရက္ေန႔က ေနျပည္ေတာ္ရွိ သဂၤဟဟိုတယ္မွာ  ျပဳလုပ္တဲ့ ၁၂ႀကိမ္ေျမာက္ေရႊ႕ ေျပာင္းအလုပ္သမားဆိုင္ရာအာဆီယံဖိုရမ္အတြက္ ႏိုင္ငံအဆင့္သုံးပြင့္ဆိုင္ အႀကိဳလုပ္ငန္းညိႈနိႈင္း အစည္းအေ၀းရပ္နားခ်ိန္မွာ မီဒီယာေတြကုိ ေျပာၾကားခဲ့တာပါ။

Sound Bite   ဦးမ်ဳိးေအာင္ (အၿမဲတမ္းအတြင္း၀န္)

အလုပ္သမား၊လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာန

ဒါ့အျပင္ အနည္းဆုံးလုပ္ခလစာ ျပန္လည္သုံးသပ္နို္င္ေရးနဲ႕႔ပတ္သက္ၿပီး  ျမန္မာနုိင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ (CTUM) အေနနဲ႕ တိုင္းနဲ႕ျပည္နယ္ေတြမွာ ေနထိုင္မႈ ကုန္က်စရိတ္စစ္တမ္း ေတြစတင္ေကာက္ ယူေနၿပီျဖစ္တယ္လို႔လည္း  CTUM ဥကၠဌ ကေျပာပါတယ္ ။

Sound Bite     ဦးေမာင္ေမာင္ (ဥကၠ႒)

ျမန္မာႏုိင္ငံလုံးဆုိင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္

လက္ရွိမွာ  အနည္းဆံုးအခေၾကးေငြ သတ္မွတ္ခ်က္ ကို ၂၀၁၅ခုႏွစ္မွာ ၃၆၀ဝက်ပ္အျဖစ္ ပထမ အႀကိမ္  သတ္မွတ္ေပးခဲ့တာျဖစ္ၿပီး အဲဒီတစ္ႀကိမ္မွာ လုပ္သား ၁၅ဦးနဲ႔ ၁၅ဦးအထက္ ရွိတဲ့ လုပ္ငန္းေတြသာ  အက်ံဳးဝင္ခဲ့တာ ျဖစ္ပါတယ္ ။အဲဒီေနာက္ ၂၀၁၈ခုနွစ္ ေမလ၁၄ရက္ေန႔မွာ ဒုတိယအႀကိမ္ ၄၈၀ဝက်ပ္အျဖစ္တိုးျမွင့္ သတ္မွတ္ေပးႏုိင္ခဲ့ၿပီး ၁၀ဦးအထိေျပာင္းလဲ သတ္မွတ္နိုင္ခဲ့တာ ျဖစ္ပါတယ္ရွင္

အနည်းဆုံးလုပ်ခကြေးငွေ ပြန်လည်သုံးသပ်နိုင်ရေး ဆွေးနွေးမှုတွေ စတင်လုပ်နေပြီ


အနည်းဆုံးလုပ်ခကြေးငွေ ပြန်လည်သုံးသပ်နိုင်ရေး တိုင်းနှင့်ပြည်နယ်ကော်မတီတွေမှာ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒီသတင်းကို MCN နေပြည်တော် သတင်းထောက် က ပေးပို့ထားပြီး အာကာထက် က တင်ဆက်ပေးထားပါတယ်။


အနည်းဆုံးလုပ်ခသတ်မှတ်ချက်အရ ၂နှစ်ကြိမ်တစ်ကြိမ်ပြန်လည်သုံးနိုင်ဖို့ အတွက် အနည်းဆုံး အခကြေး ငွေသတ်မှတ်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီတွေမှာ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားလိုက်ပါတယ် ။


သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ပြုလုပ်တဲ့ ၁၂ကြိမ်မြောက်ရွှေ့ ပြောင်းအလုပ်သမားဆိုင်ရာအာဆီယံဖိုရမ်အတွက် နိုင်ငံအဆင့်သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိုနှိုင်း အစည်းအဝေးရပ်နားချိန်မှာ မီဒီယာတွေကို ပြောကြားခဲ့တာပါ။


Sound Bite ဦးမျိုးအောင် (အမြဲတမ်းအတွင်းဝန်)
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန


ဒါ့အပြင် အနည်းဆုံးလုပ်ခလစာ ပြန်လည်သုံးသပ်နိ်ုင်ရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) အနေနဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ နေထိုင်မှု ကုန်ကျစရိတ်စစ်တမ်း တွေစတင်ကောက် ယူနေပြီဖြစ်တယ်လို့လည်း CTUM ဥက္ကဌ ကပြောပါတယ် ။


Sound Bite ဦးမောင်မောင် (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်


လက်ရှိမှာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက် ကို ၂၀၁၅ခုနှစ်မှာ ၃၆၀ဝကျပ်အဖြစ် ပထမ အကြိမ် သတ်မှတ်ပေးခဲ့တာဖြစ်ပြီး အဲဒီတစ်ကြိမ်မှာ လုပ်သား ၁၅ဦးနဲ့ ၁၅ဦးအထက် ရှိတဲ့ လုပ်ငန်းတွေသာ အကျုံးဝင်ခဲ့တာ ဖြစ်ပါတယ် ။အဲဒီနောက် ၂၀၁၈ခုနှစ် မေလ၁၄ရက်နေ့မှာ ဒုတိယအကြိမ် ၄၈၀ဝကျပ်အဖြစ်တိုးမြှင့် သတ်မှတ်ပေးနိုင်ခဲ့ပြီး ၁၀ဦးအထိပြောင်းလဲ သတ်မှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်ရှင်