အထည်ချုပ်လုပ်ငန်း တက်ချင်တဲ့ တိုင်းရင်းသူတွေကို အောင်မြင်မှုသင်တန်းကျောင်းက သင်ကြားပေး

0
39










အတည်ချုပ်လုပ်ငန်းတက်ချင်တဲ့ တိုင်းရင်းသူတွေကို အောင်မြင်မှုသင်တန်းကျောင်းက သင်ကြားပေး


အထည်ချုပ်လုပ်ငန်းကို အမှန်တကယ်တက်ရောက်ချင်တဲ့ တိုင်းရင်းသူတွေကိုဘာသာစကား အခက် အခဲရှိပေမယ့်လည်း လက်ခံသင်ကြားပေးနေတယ်လို ့အောင်မြင်မှုသင်တန်းကျောင်းရဲ့ Partnership Manager ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။


အရပ်ဖက်အဖွဲ့အစည်းတွေကတဆင့် အထည်ချုပ်သင်တန်းတက်ရောက်ချင်တဲ့ အမျိုးသမီးတွေ၊ လူမှုဝန်ထမ်းကတဆင့် ဆက်သွယ်လာတဲ့ အမျိုးသမီးတွေအပါအဝင် တိုင်းရင်းသားဒေသက အမျိုးသမီးတွေကို အောင်မြင်မှု အထည်ချုပ်သင်တန်းကျောင်းက အခမဲ့သင်ကြားပေးနေတာ ဖြစ်ပါတယ်။


အဲဒီလို အထည်ချုပ်သင်တန်းကျောင်းကို ရောက်ရှိလာတဲ့ တိုင်းရင်းသားလူမျိုးတွေကို သင်ကြားပေးဖို့ ဘာသာစကားအခက်အခဲရှိပေမယ့် အထည်ချုပ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လက်ခံသင်ကြားပေးနေတယ်လို့ အောင်မြင်မှုသင်တန်းကျောင်းရဲ့ Partnership Manager ကပြောပါတယ်။


Soundbite;ဒေါ်ကြွယ်ဖြိုးဖြိုးအေး(Partnership Manager)
အောင်မြင်မှုသင်တန်းကျောင်း


တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ အခက်အခဲရှိတဲ့ အမျိုးသမီးတွေကို အသက်မွေးမှု ဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းနဲ့ ရပ်တည်နိုင်အောင် အောင်မြင်မှု အထည်ချုပ်သင်တန်းကျောင်းက ကူညီဆောင်ရွက်ပေးနေတဲ့ အပြင် နေထိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
Soundbiteဒေါ်ကြွယ်ဖြိုးဖြိုးအေး(Partnership Manager)
အောင်မြင်မှုသင်တန်းကျောင်း
အထည်ချုပ်သင်တန်းကျောင်းက ကျွမ်းကျင်တတ်မြောက်သူတွေကို အလုပ်အကိုင်ရ ရှိဖို့ အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ပေးတာတွေ ဆောင် ရွက်နေသလို တိုင်းရင်းသားဘာသာစကားကြောင့် လုပ်ငန်းခွင်ဝင်ဖို့အခက်အခဲဖြစ်သူတွေကိုလည်း အလုပ်အကိုင်ရရှိဖို့ ကူညီဆောင်ရွက်ပေးနေတယ်လို့ အောင်မြင်မှုသင်တန်းကျောင်းရဲ့ Partnership Manager ကပြောပါတယ် ရှင်။