အတိုက္အခံနဲ႔ တရားသူႀကီးေတြ အဖမ္းခံရၿပီးေနာက္ ေမာ္လ္ဒိုက္မွာ ကေသာင္းကနင္း ျဖစ္

0
1768

ေမာ္လ္ဒိုက္ ကြ်န္းႏိုင္ငံမွာ အတိုက္အခံ ေခါင္းေဆာင္နဲ႔ တရားသူႀကီး ႏွစ္ဦးကို ဖမ္းဆီးလိုက္ၿပီးေနာက္ ဆူပူမႈေတြ ျဖစ္တဲ့အတြက္ ႏိုင္ငံမွာ အေရးေပၚ အေျခအေန ေၾကညာထားရပါတယ္။

အိႏၵိယ သမုဒၵရာထဲမွာ ရွိတဲ့ ေမာ္လ္ဒိုက္မွာ တရား႐ံုးခ်ဳပ္က ဖမ္းထားတဲ့ ႏိုင္ငံေရးသမားေတြကို လႊတ္ေပးဖို႔ ညႊန္ၾကားခဲ့ေပမယ့္ သမၼတက သေဘာမတူရာကေန ကေသာင္းကနင္းေတြ စျဖစ္လာတာ ျဖစ္ပါတယ္။

ဒီေန႔ ေဖေဖာ္ဝါရီ ၆ ရက္ အေစာပိုင္းမွာ အတိုက္အခံ ေခါင္းေဆာင္ ေမာ္မြန္း အဗၺဒူ ဂါယြန္းကို လာဘ္စားမႈ၊ အစိုးရကို ျဖဳတ္ခ်ဖို႔ ႀကိဳးပမ္းမႈေတြနဲ႔ ဖမ္းဆီးလိုက္ပါတယ္။

မစၥတာ ဂါယြန္းဟာ လက္ရွိသမၼတ ယာမင္း အဗၺဒူ ဂါယြန္းနဲ႔ ညီအစ္ကို ဝမ္းကြဲျဖစ္ပါတယ္။ ေမာ္မြန္း ဂါယြန္းဟာ ၁၉၇၈ ခုႏွစ္ကေန ၂၀၀၈ အထိ ေမာ္လ္ဒိုက္ သမၼတအျဖစ္ တာဝန္ယူခဲ့ၿပီး ခရီးသြားလုပ္ငန္း တိုးတက္ေအာင္၊ ပါတီစံု ဒီမိုကေရစီႏိုင္ငံျဖစ္ေအာင္ လုပ္ေဆာင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

အတိုက်အခံနဲ့ တရားသူကြီးတွေ အဖမ်းခံရပြီးနောက် မော်လ်ဒိုက်မှာ ကသောင်းကနင်း ဖြစ်

မော်လ်ဒိုက် ကျွန်းနိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင်နဲ့ တရားသူကြီး နှစ်ဦးကို ဖမ်းဆီးလိုက်ပြီးနောက် ဆူပူမှုတွေ ဖြစ်တဲ့အတွက် နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။

အိန္ဒိယ သမုဒ္ဒရာထဲမှာ ရှိတဲ့ မော်လ်ဒိုက်မှာ တရားရုံးချုပ်က ဖမ်းထားတဲ့ နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ ညွှန်ကြားခဲ့ပေမယ့် သမ္မတက သဘောမတူရာကနေ ကသောင်းကနင်းတွေ စဖြစ်လာတာ ဖြစ်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် အစောပိုင်းမှာ အတိုက်အခံ ခေါင်းဆောင် မော်မွန်း အဗ္ဗဒူ ဂါယွန်းကို လာဘ်စားမှု၊ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းမှုတွေနဲ့ ဖမ်းဆီးလိုက်ပါတယ်။

မစ္စတာ ဂါယွန်းဟာ လက်ရှိသမ္မတ ယာမင်း အဗ္ဗဒူ ဂါယွန်းနဲ့ ညီအစ်ကို ဝမ်းကွဲဖြစ်ပါတယ်။ မော်မွန်း ဂါယွန်းဟာ ၁၉၇၈ ခုနှစ်ကနေ ၂၀ဝ၈ အထိ မော်လ်ဒိုက် သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး ခရီးသွားလုပ်ငန်း တိုးတက်အောင်၊ ပါတီစုံ ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။