
0
46




အဆိုတော် မိုင်လေ ဆိုင်းရပ်စ်နဲ့ မင်းသား လီယမ် ဟမ်းဝါ့သ်တို့ ကွာရှင်း

လက်ထပ်ပြီး တစ်နှစ်ကျော် အကြာမှာပဲ ကမ္ဘာကျော်အဆိုတော် မိုင်လေ ဆိုင်းရပ်စ်နဲ့ သရုပ်ဆောင် လီယမ် ဟမ်းဝါ့သ်တို့ ကွာရှင်းလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မိုင်လေ ဆိုင်းရပ်စ်နဲ့ လီယမ် ဟမ်းဝါ့သ်တို့ဟာ လက်ရှိအချိန်မှာ သီခြားနေထိုင်ဖို့ သဘောတူညီထားတယ်လို့ မိုင်လေ ဆိုင်းရပ်စ်ရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။ မိုင်လေ ဆိုင်းရပ်စ်နဲ့ လီယမ် ဟမ်းဝါ့သ်တို့ဟာ ချစ်သူသက်တမ်း ကာလအတွင်းမှာ လမ်းခွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ တရားဝင် လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

ကွာရှင်းမှုကို တရားဝင် မကြေညာမီ ကတည်းက လူမူကွန်ရက် မီဒီယာတွေမှာ မိုင်လေ ဆိုင်းရပ်စ်နဲ့ လီယမ် ဟမ်းဝါ့သ်တို့ ကွာရှင်းလိုက်တဲ့သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။