အစိုးရက သစ်ထုတ်လုပ်ခွင့် ၁ နှစ်ပိတ်ခဲ့တာကြောင့် မြိတ်အထပ်သားစက်ရုံ ယာယီပိတ်သိမ်း

0
308

အစိုးရက သစ်ထုတ်လုပ်ခွင့် ၁ နှစ်ပိတ်ခဲ့တာကြောင့် မြိတ်အထပ်သားစက်ရုံ ယာယီပိတ်သိမ်း တော့မှာဖြစ်ပါတယ်။

ဒီအကြောင်းအပြည့်စုံကို MCN မြိတ်သတင်းထောက်က ရိုက်ကူး ထားပြီး MCN သတင်းထောက် ခိုင်မျိုးလွင်က တင်ဆက်ပေးထားပါတယ်။
တနသာင်္ရီတိုင်းဒေသကြီး မြိတ်မြို့ငါးလေးလံဈေးအနီးမှာရှိတဲ့ မြိတ်အထပ်သားစက်ရုံဟာ အစိုးရက သစ်ထုတ်လုပ်ခွင့် တစ်နှစ်ပိတ်ခဲ့တာကြောင့် သစ်ကုန်ကြမ်းရရှိဖို့ အခက်အခဲဖြစ်ပေါ်နေပြီး စက်ရုံကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ယာယီပိတ်သိမ်းတော့မှာဖြစ်ပါတယ်။ အဲ့လို စက်ရုံပိတ်သိမ်းဖို့အတွက် အလုပ်ရှင်နဲ့ အလုပ်သမားတွေ အကြား အပြန်အလှန်နားလည်မှုလွဲမှားမှုတွေ ဖြစ်ပေါ်နေပါတယ်။

စက်ရုံယာယီပိတ်သိမ်းမယ့် အကြောင်းကို အလုပ်ရှင်ဘက်က ကြိုတင်အသိပေးခြင်းမရှိခဲ့တဲ့အတွက် အလုပ်သမား ဘက်က နစ်နာမှုတွေ ရှိနေပြီး အလုပ်သမားတွေကို သတ်မှတ်ထားတဲ့ လုပ်သက်နှစ်အလိုက် နစ်နာကြေးပေးဖို့ကို သက်ဆိုင်ရာအဖွဲ့အစည်းက ညှိနှိုင်းပေးခဲ့ပေမယ့် အလုပ်သမားအများစုက သဘောမတူခဲ့ပါဘူး။ အလုပ်သမားတွေဘက်က လုပ်သက်နဲ့နစ်နာကြေးပေးတာကို မလိုလားဘဲ စက်ရုံအလုပ်သမား အကုန်လုံးကို နစ်နာကြေး သုံးလစာပေးဖို့ တောင်းဆိုနေကြတာပါ။

အဲ့ဒီ စက်ရုံက ကုန်ချောပစ္စည်းများကို ရန်ကုန်ကတစ်ဆင့် အိန္ဒိယနိုင်ငံကို အဓိကထားတင်ပို့နေ တာဖြစ်ပြီး စက်ရုံမှာ အလုပ်သမား ၁၂၀ ခန့် အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။