
0
49




အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွက် ဟောင်ကောင် ကျောင်းသားတွေ ဆွေးနွေး

ဟောင်ကောင်က အလယ်တန်းနဲ့ အထက်တန်းကျောင်းသား အများအပြားဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဘယ်လို ဆက်လုပ်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ကျောင်းသားတွေဟာ ဟောင်ကောင်မြို့လယ်မှာရှိတဲ့ ရင်ပြင်တစ်ခုမှာ စုဝေးခဲ့ကြတာပါ။ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သီတင်းပတ်တွေနဲ့ချီ ကြာမြင့်အောင် တောင်းဆိုနေခဲ့ပေမယ့်လည်း အစိုးရဘက်က တွေ့ဆုံမှုအတွက် ဘာမှမလုပ်လို့ သူတို့တတွေဟာ မကျေမနပ်ဖြစ်နေကြပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်တဲ့အခါ စာသင်ကြားမှုတွေကို သပိတ်မှောက်မယ့် အစီအစဉ်မှာ ပါဝင်ကြမယ့် ကျောင်းသားတွေ အဲဒီစုဝေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။ တက္ကသိုလ် ကျောင်းသားတွေကလည်း စက်တင်ဘာ ၂ ရက်နေ့မှာ သင်တန်းတွေ ပြန်စတဲ့အခါ သီတင်းနှစ်ပတ်ကြာ သပိတ်မှောက်ဖို့ လုပ်တောင်ကြမှာ ဖြစ်ပါတယ်။