အစိုးရ၊ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔တို႔အၾကား ပဋိပကၡ ေျဖရွင္းေရး ယႏၲရားလုပ္ဖို႔ သေဘာတူ

0
101

တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ႔ၿပီးေနာက္ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕မွာ အစိုးရ၊ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ျဖစ္တဲ႔ ကခ်င္အဖြဲ႔ KIA တအာင္းအဖြဲ႔ TNLA ကိုးကန္႔အဖြဲဲ႔ MNDAA ရခိုင္အဖြဲ႔ AA တို႔ေတြ႔ဆုံၿပီး ပဋိပကၡ ေျဖရွင္းေရး ယႏၲရား ( Conflict Resolution Mechanism )လုပ္ဖို႔ သေဘာတူလိုက္ေၾကာင္း ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာပါတယ္။

အစိုးရ၊ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႔တို႔႔ ေဆြးေႏြးရာမွာ ႏွစ္ႏိုင္ငံ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔၊ လက္ရွိ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ အေနအထားေတြကို လုံးဝခ်ဳပ္ၿငိမ္းသြားေအာင္ ေဆာင္ရြက္ဖို႔၊ ေနရပ္စြန႔္ ခြာသူေတြကိစၥ၊ တပ္ေနရာခ်ထားေရးဆိုင္ရာ ကိစၥရပ္ေတြ၊ တိုက္ပြဲေတြ ထပ္မံမျဖစ္ပြားဖို႔ ဘယ္လိုေဆာင္႐ြက္မလဲဆိုတဲ့ ႏွစ္ဖက္လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္း သတ္မွတ္ခ်က္ေတြနဲ႔ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႔နဲ႔ ဆက္လက္ေဆြးေႏြးဖို႔ စတဲ႔ အခ်က္ ၇ ခ်က္ကို သေဘာတူခဲ႔ၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ အစိုးရအေနနဲ႔ ေျမာက္ပိုင္း မဟာမိတ္ေလးဖြဲ႔နဲ႔ ေဆြးေႏြးရာမွာ ႏွစ္ႏိုင္ငံ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔အထိ ျပင္ဆင္ခဲ့ေပမယ့္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႔အေနနဲ႔ ႏွစ္ႏိုင္ငံ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔ ဆုံးျဖတ္ပိုင္ခြင့္ရွိသူ ပါမလာခဲ့ဘူးလို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

စက္တင္ဘာလ ၁၇ ရက္ေန႔က ျပဳလုပ္ခဲ့တဲ႔ က်ိဳင္းတုံေဆြးေႏြးပြဲကို ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႔နဲ႔အတူ တ႐ုတ္ႏိုင္ငံက တာဝန္ရွိသူအခ်ိဳ႕ လိုက္ပါလာခဲ့ၿပီး ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႔နဲ႔ တ႐ုတ္ကိုယ္စားလွယ္ အဖြဲ႔တို႔ သီးသန႔္ေတြ႔ဆုံမႈေတြ ျပဳလုပ္ခဲ႔တာ ျဖစ္ပါတယ္။

အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား ပဋိပက္ခ ဖြေရှင်းရေး ယန္တရားလုပ်ဖို့ သဘောတူ


တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့ ကချင်အဖွဲ့ KIA တအာင်းအဖွဲ့ TNLA ကိုးကန့်အဖွဲ့ MNDAA ရခိုင်အဖွဲ့ AA တို့တွေ့ဆုံပြီး ပဋိပက္ခ ဖြေရှင်းရေး ယန္တရား ( Conflict Resolution Mechanism )လုပ်ဖို့ သဘောတူလိုက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။


အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ဆွေးနွေးရာမှာ နှစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့၊ လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အနေအထားတွေကို လုံးဝချုပ်ငြိမ်းသွားအောင် ဆောင်ရွက်ဖို့၊ နေရပ်စွန့် ခွာသူတွေကိစ္စ၊ တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်တွေ၊ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားဖို့ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ နှစ်ဖက်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်လက်ဆွေးနွေးဖို့ စတဲ့ အချက် ၇ ချက်ကို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။


ဒါ့အပြင် အစိုးရအနေနဲ့ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့နဲ့ ဆွေးနွေးရာမှာ နှစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့အထိ ပြင်ဆင်ခဲ့ပေမယ့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အနေနဲ့ နှစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ပါမလာခဲ့ဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျိုင်းတုံဆွေးနွေးပွဲကို မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့အတူ တရုတ်နိုင်ငံက တာဝန်ရှိသူအချို့ လိုက်ပါလာခဲ့ပြီး မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ တရုတ်ကိုယ်စားလှယ် အဖွဲ့တို့ သီးသန့်တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။