အစိုးရက သစ်ပို့တာကို တားမြစ်ထားပေမဲ့ မြန်မာ့သစ် တရားမဝင် ခိုးထုတ်နေဆဲ

0
308

အစိုးရက ပြည်ပကို သစ်တင်ပို့ခွင့် ယာယီဆိုင်းငံ့ထားပေမဲ့လည်း မြန်မာနိုင်ငံအတွင်းက ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ သစ်ခိုးထုတ်မှုတွေ ရှိနေဆဲပဲလို့ AP သတင်းဌာနက စက်တင်ဘာ ၂ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။

In this  June 27, 2016, photo, mahout Than Lwin sits atop a tamed elephant which carries a log at Myanmar government owned tame-elephant hut in Kabyin Lwin, northern Sagaing division, Myanmar. Since May 2016, the Myanmar government led by Aung San Suu Kyi announced a nationwide logging ban for this fiscal year, ending these elephants regular work of pulling logs from jungles. (AP Photo/ Gemunu Amarasinghe)

ဝေးလံတဲ့ ဒေသက ရွာတွေမှာ ခုတ်လှဲပြီးသား သစ်ပင်ကြီးတွေဟာ အထပ်လိုက်ပုံနေပြီး သစ်ခိုးထုတ်သူတွေက အဲဒီ သစ်ပင်ကြီးတွေရဲ့သစ်သားတွေကို ခုတ်ဖြတ်ပြီး တင်ပို့ရောင်းချနေကြတာဖြစ်ပါတယ်။ ခုတ်လှဲပြီးသားသစ်တွေကို အစိုးရက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူထားပေမဲ့လည်း အရာရှိတချို့ကတော့ လာဘ်စားနိုင်ခြေရှိတယ်လို့ ဝေးလံတဲ့ရွာတွေက ရွာသားတွေက ပြောကြားပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံအတွင်းမှာ တရားမဝင်ခုတ်ပြီးတင်ပို့နေတဲ့ ကျွန်းသစ်နဲ့သစ်မာနဲ့ အခြားသစ် ပမာဏပေါင်းများစွာရှိပြီး တင်ပို့တဲ့သစ်အများစုဟာ စစ်ကိုင်းတိုင်းဒေသကြီးက ဖြစ်ပါတယ်။ ဒီသစ်တွေကို ဧရာဝတီမြစ်ကနေ ရေကြောင်းနဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို တင်ပို့နေတာလို့လည်း AP သတင်းဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ သစ်တောတွေဟာ ၁၉၉၀ ပြည့်နှစ်ကတည်းက တဖြည်းဖြည်းလျော့နည်းလာတာ ခုဆို လေးပုံတစ်ပုံလောက်က မရှိတော့ဘူးလို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ အဓိက သစ်ခိုးထုတ်တဲ့နေရာတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့ ဖြစ်ပါတယ်။ အခုအစိုးရမတက်ခင် ယခင်အစိုးရလက်ထက်ကတည်းက ၂၀၁၄ ခုနှစ်မှာ သစ်တင်ပို့ရောင်းချခွင့် ပိတ်ပင်ခဲ့ပေမဲလ့ည်း သစ်တောပြုန်းတီးမှုကတော့ ဆက်လက်ဖြစ်ပေါ်နေဆဲပဲလို့လည်း AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြန်မာဟာ ၂၀၁၀ ကနေ ၂၀၁၅ အတွင်း ကမ္ဘာမှာ သစ်တောဆုံးရှုံးမှု တတိယအများဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့(UNFAO)ရဲ့ ထုတ်ပြန်ချက်အရတော့ ဆုံးရှုံးတဲ့ အဲဒီ မြန်မာ့သစ်တောပမာဏဟာ နှစ်စဉ် ၅၄၆၀၀၀ ဟက်တာ(၂၁၀၀ စတုရန်းမိုင်)ရှိပါတယ်။

Ref: AP