အစိုးရကိုယ်တိုင် အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေတွေကို ချိုးဖောက်နေဟုဆို

0
176





● ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သွားပြီးတဲ့နောက်ပိုင်း အမွေအနှစ်ဧရိယာထဲမှာ ဂေါပကအဖွဲ့ရုံးတွေနဲ့ ဟိုတယ်တွေအပြင် အဆောက်အအုံသစ် ဆောက်လုပ်မှုတွေရှိနေပြီး အစိုးရကိုယ်တိုင်က အဲ့ဒီလို ဆောင်ရွက် နေတာဟာ အမွေအနှစ်ထိန်းသိမ်းရေး ဥပဒေဟောင်းရော ဥပဒေသစ်ကိုပါ ချိုးဖောက်သလို ဖြစ်နေတယ်လို့ ပုဂံဒေသခံ ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ ဦးနိုင်ထွန်းက ပြောကြားလိုက်ပါတယ်။

● အစိုးရရဲ့ အဲ့ဒီလိုဆောင်ရွက်မှုတွေကြောင့် ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်ကနေ ဆုံးရှုံး နိုင်မလားနဲ့ မဆုံးရှုံးရအောင် ဒေသခံတွေအနေနဲ့ ဘာတွေ ဆောင်ရွက်လို့ ရနိုင်မလဲဆိုတာတွေကိုလည်း မေးခွန်းထုတ် ဆွေးနွေးခဲ့တာပါ။

● သြဂုတ်လ ၁၁ ရက်နေ့က ပုဂံဒေသမှာ မြန်မာနိုင်ငံရှေးဟောင်းသုတေသန ပညာအသင်းနဲ့ ပုဂံမြို့မိမြိုဖ တွေပူးပေါင်းကျင်းပတဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ ဒေသခံ ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ ဦးနိုင်ထွန်းက အဲ့ဒီလို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။