အင္းလ်ားကန္မွာ ဗံုးလန္႔၊ ဗံုးသီးပံုစံ မီးျခစ္ ျဖစ္ေန

0
216

ရန္ကုန္ၿမိဳ႕၊ ကမာရြတ္ၿမိဳ႕နယ္ရွိ အင္းလ်ားကန္ေဘာင္မွာ ဒီေန႔ ဇြန္လ ၁၂ ရက္ေန႔က ဗံုးလန္႔ခဲ့ေပမယ့္ မသကၤာဖြယ္ရာ ပစၥည္းဟာ ဗံုးသီးပံုစံ မီးျခစ္ ျဖစ္ေနေၾကာင္း ကမာရြတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴးက ေျပာပါတယ္။

ဗံုးလို႔ သံသယရွိေပမယ့္ စစ္ေဆးလိုက္တဲ့အခါ မီးျခစ္ျဖစ္ေနပါတယ္လို႔ ကမာရြတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴး သိန္းဟန္က ဆင္ဟြာ သတင္းဌာနကို အတည္ျပဳ ေျပာၾကားပါတယ္။

အင္းလ်ားကန္ေဘာင္ ျမက္ခင္းျပင္ ေလွကားအနီးမွာ ဒီေန႔ ေန႔လည္ ၂ နာရီေက်ာ္က စည္ပင္ဝန္ထမ္းတစ္ဦး စတင္ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ အမွတ္ (၉၀၅) စစ္အင္ဂ်င္နီယာ တပ္ရင္းက လာေရာက္စစ္ေဆး သယ္ေဆာင္သြားခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ဘောင်မှာ ဒီနေ့ ဇွန်လ ၁၂ ရက်နေ့က ဗုံးလန့်ခဲ့ပေမယ့် မသင်္ကာဖွယ်ရာ ပစ္စည်းဟာ ဗုံးသီးပုံစံ မီးခြစ် ဖြစ်နေကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ဗုံးလို့ သံသယရှိပေမယ့် စစ်ဆေးလိုက်တဲ့အခါ မီးခြစ်ဖြစ်နေပါတယ်လို့ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဟန်က ဆင်ဟွာ သတင်းဌာနကို အတည်ပြု ပြောကြားပါတယ်။

အင်းလျားကန်ဘောင် မြက်ခင်းပြင် လှေကားအနီးမှာ ဒီနေ့ နေ့လည် ၂ နာရီကျော်က စည်ပင်ဝန်ထမ်းတစ်ဦး စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အမှတ် (၉၀၅) စစ်အင်ဂျင်နီယာ တပ်ရင်းက လာရောက်စစ်ဆေး သယ်ဆောင်သွားခဲ့ပါတယ်။