
0
175




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်းစိန်မြို့နယ်ရဲ့ ကလေးစာပေပွဲတော်မှာ ကလေးသူငယ်ပေါင်း နှစ်သောင်းကျော် ပါဝင်ဆင်နွဲခဲ့

အင်းစိန်မြို့နယ်မှာ စက်တင်ဘာလ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ကလေးစာပေပြပွဲမှာ ကလေးသူငယ်ပေါင်း နှစ်သောင်းကျော် တက်ရောက်ဆင်နွှဲခဲ့ကြပါတယ်။

အဲဒီပွဲတော်ကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မှာ ပြုလုပ်ခဲ့တာပါ။

နှစ်ရက်ကြာကျင်းပခဲ့တဲ့ အဲဒီပွဲတော် ကာလအတွင်းမှာ ကျောင်းသူ၊ ကျောင်းသားတွေ ဗဟုသုတရရှိစေဖို့ ကျန်းမာရေး၊ ပညာရေး၊ သိပ္ပံဆိုင်ရာ ပြခန်းတွေနဲ့ အထွေထွေပြခန်းတွေကို အခြေခံပညာဦးစီးဌာနဲ့ မြောက်ပိုင်းခရိုင်အတွင်းမှာရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေက ဖွင့်လှစ်ပြသခဲ့ပါတယ်။