အင္းစိန္ေထာင္က အက်ဥ္းသား ၁၃ ဦး အေဝးသင္ ေျဖ

0
250

ရန္ကုန္တိုင္း၊ အင္းစိန္ ဗဟို အက်ဥ္းေထာင္က အက်ဥ္းသား ၁၄ ဦး အေဝးသင္ တကၠသိုလ္ စာေမးပြဲ ေျဖဆိုခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၂ ရက္ကေန ၂၉ ေန႔အထိ က်င္းပတဲ့ အေဝးသင္ တကၠသိုလ္ စာေမးပြဲကို အဂၤလိပ္စာ (တတိယႏွစ္) ၁ ဦး၊ ပထဝီဝင္ (ဒုတိယႏွစ္) ၂ ဦး၊ ျမန္မာစာ (ဒုတိယႏွစ္) ၁ ဦး၊ ျမန္မာစာ (ပထမႏွစ္) ၆ ဦး၊ သမိုင္း (ပထမႏွစ္) ၂ ဦး၊ ဒႆနိက (ပထမႏွစ္) ၁ ဦး၊ စုစုေပါင္း အက်ဥ္းသား ေက်ာင္းသား ၁၃ ဦးတို႔ ေျဖဆိုခဲ့ၾကပါတယ္။

အင္းစိန္ေထာင္က အေဝးသင္ေက်ာင္းသားေတြကို တကၠသိုလ္က ဆရာေတြကိုယ္တိုင္ ေစတနာ့ဝန္ထမ္းအျဖစ္ လာသင္ၾကားေပးတာ ျဖစ္ၿပီး ျပင္ပက ေက်ာင္းသားေတြနဲ႔ ေျဖဆိုခ်ိန္ မတူတဲ့အတြက္ ေမးခြန္းကြဲျပားမႈရွိၿပီး အခုအခါမွာ အက်ဥ္းသား အေဝးသင္ေက်ာင္းသားေတြရဲ႕ စာအေျဖလႊာေတြကို စတင္ စစ္ေဆးေနၿပီလို႔ တကၠသိုလ္ ဆရာမတစ္ဦးက ေျပာပါတယ္။
…………………. ။ ။ ………………….

အင်းစိန်ထောင်က အကျဉ်းသား ၁၃ ဦး အဝေးသင် ဖြေ

ရန်ကုန်တိုင်း၊ အင်းစိန် ဗဟို အကျဉ်းထောင်က အကျဉ်းသား ၁၄ ဦး အဝေးသင် တက္ကသိုလ် စာမေးပွဲ ဖြေဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်ကနေ ၂၉ နေ့အထိ ကျင်းပတဲ့ အဝေးသင် တက္ကသိုလ် စာမေးပွဲကို အင်္ဂလိပ်စာ (တတိယနှစ်) ၁ ဦး၊ ပထဝီဝင် (ဒုတိယနှစ်) ၂ ဦး၊ မြန်မာစာ (ဒုတိယနှစ်) ၁ ဦး၊ မြန်မာစာ (ပထမနှစ်) ၆ ဦး၊ သမိုင်း (ပထမနှစ်) ၂ ဦး၊ ဒဿနိက (ပထမနှစ်) ၁ ဦး၊ စုစုပေါင်း အကျဉ်းသား ကျောင်းသား ၁၃ ဦးတို့ ဖြေဆိုခဲ့ကြပါတယ်။

အင်းစိန်ထောင်က အဝေးသင်ကျောင်းသားတွေကို တက္ကသိုလ်က ဆရာတွေကိုယ်တိုင် စေတနာ့ဝန်ထမ်းအဖြစ် လာသင်ကြားပေးတာ ဖြစ်ပြီး ပြင်ပက ကျောင်းသားတွေနဲ့ ဖြေဆိုချိန် မတူတဲ့အတွက် မေးခွန်းကွဲပြားမှုရှိပြီး အခုအခါမှာ အကျဉ်းသား အဝေးသင်ကျောင်းသားတွေရဲ့ စာအဖြေလွှာတွေကို စတင် စစ်ဆေးနေပြီလို့ တက္ကသိုလ် ဆရာမတစ်ဦးက ပြောပါတယ်။